images
UN
UN
ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟိုကို အာဆင်နယ်က ခေါ်ယူရန်ကြိုးစားနေ
Thursday, 13 August 2020
အာဆင်နယ်အသင်းသည် ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟိုအား အငှားခေါ်ယူရန် ကြိုးစားနေကြောင်းသိရသည်။ ကော်တင်ဟိုသည် ဘာ စီလိုနာမှ ဘိုင်ယန်မြူးနစ်သို့ အငှားချခြင်းခံထားရသူဖြစ်ပြီး လီဗာပူးမှ ထွက်ခွာချိန်နောက်ပိုင်း ¤င်း၏ အကောင်းဆုံးခြေစွမ်းကို ပြန်လည်ရှာဖွေ နိုင်ခြင်းမရှိသေးသူဖြစ်သည်။ ဘရာဇီးကွင်းလယ်ကစားသမားသည် ထိပ် တန်းစွမ်းဆောင်ရည်ရှိသူဖြစ်သော်လည်း အသင်းများ၏ကစားပုံနည်းစနစ် များနှင့် အံဝင်မှုမရှိသောကြောင့် ရုန်းကန်နေရခြင်းလည်းဖြစ်သည်။ ယခု အခါတွင် အာဆင်နယ်နည်းပြ အာတီတာက ¤င်း၏ နည်းစနစ်များနှင့် ကော်တင်ဟိုအံဝင်လိမ့်မည်ဟု ယုံကြည်နေပြီး ¤င်းထံမှ အကောင်းဆုံး စွမ်းဆောင်ရည်များ ထုတ်ယူနိုင်မည်ဟု ယုံကြည်နေခြင်းကြောင့် ခေါ်ယူ ရန်ကြိုးစားခြင်းဖြစ်သည်။ ¤င်းကို အပြီးခေါ်ယူပါက ပေါင်သန်း ၈ဝ ကျော် ကုန်ကျမည်ဖြစ်သည်။ Ref; Football London