images
UN
UN
နေမာနှင့် အမ်ဘာပီကို ရောင်းရန်မရှိဟု အယ်လ်ခီလာဖီပြော ပြန်လည်ပါဝင်နိုင်ခြင်းမှာ ဆေးအဖွဲ့၏ကြိုးစားမှုကြောင့်ဟု အမ်ဘာပီဖွင့်ဟ
Thursday, 13 August 2020
ပီအက်စ်ဂျီဥက္ကဋ္ဌ အယ်လ်ခီ လာဖီက အသင်းအနေဖြင့် တိုက် စစ်မှူးများဖြစ်သော နေမာနှင့်အမ် ဘာပီကို ရောင်းချရန်အစီအစဉ်မရှိ ကြောင်း ထုတ်ဖော်ပြောကြားလိုက် သည်။ နေမာနှင့်အမ်ဘာပီတို့သည် အတ္တလန္တာအသင်းအား အနိုင်ရရှိ ခဲ့သောပွဲစဉ်တွင် ပါဝင်ခဲ့ကြသည်။ နေမာသည် ပြီးခဲ့သော ဘောလုံး ရာသီကတည်းက ဘာစီလိုနာသို့ ပြန်လည်ပြောင်းရွှေ့မည်ဆိုသော သတင်းထွက်ခဲ့သူဖြစ်ပြီး အမ်ဘာပီ ကိုလည်းတိုက်စစ်ပိုင်းအားဖြည့်ရန် ပြင်ဆင်နေသည့် ရီးရဲလ်မက်ဒရစ် က ယခုအပြောင်းအရွှေ့ကာလတွင် ခေါ်ယူလိမ့်မည်ဟု ဖော်ပြမှုများရှိ နေသည်။ ထို့ကြောင့် ပီအက်စ်ဂျီ ဥက္ကဋ္ဌက အတ္တလန္တာနှင့်ပွဲအပြီး တွင် ကစားသမားနှစ်ဦး၏ အနာ ဂတ်နှင့်ပတ်သက်၍ ပြောကြားခဲ့ ခြင်းဖြစ်သည်။
''နေမာနဲ့အမ်ဘာပီတို့ဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား တွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ သူတို့ရှိနေတဲ့ ပီအက်စ်ဂျီကလည်း ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်း ဆိုတာကိုသက်သေပြနိုင်ခဲ့ပါတယ်။ ကစားသမားတွေနဲ့ပတ်သက်ပြီး သတင်းတွေအမျိုးမျိုးထွက်ခဲ့တာ ရှိပါတယ်။ ကျွန်တော်ပြောနိုင်တာ ကတော့ သူတို့ဟာ ကစားသမား ဘဝကုန်ဆုံးတဲ့အချိန်အထိ ပီအက်စ် ဂျီမှာပဲ ဆက်ရှိနေကြပါလိမ့်မယ်။ နောက်ပြီး ပီအက်စ်ဂျီကို ချန်ပီယံ လိဂ် အောင်မြင်မှုရဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောနေကြတဲ့သူ တွေကိုလည်း သက်သေပြဖို့အဆင် သင့်ဖြစ်နေပြီလို့ သတင်းစကားပါး ချင်ပါတယ်''ဟု အယ်လ်ခီလာဖီ က ပြောကြားသွားခဲ့သည်။
အတ္တလန္တာနှင့်ကစားခဲ့သည်ပွဲ တွင် မိနစ် ၃ဝ ကြာ ဝင်ရောက် ကစားခွင့်ရခဲ့သည့် အမ်ဘာပီက ပီအက်စ်ဂျီဆေးအဖွဲ့၏ စွမ်းရည် နှင့်ပတ်သက်၍ ချီးကျူးစကား ပြောကြားခဲ့သည်။ အမ်ဘာပီသည် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် အနားယူခဲ့ရပြီး အတ္တလန္တာနှင့်ပွဲ ကိုပါဝင်နိုင်မည်မဟုတ်ဟုသတင်း ထွက်ခဲ့သူဖြစ်သည်။သို့သော် အဆို ပါပွဲ၏ မိနစ် ၆ဝ တွင် လူစား ဝင်လာခဲ့ချိန်၌ လူအများကိုအံ့သြ မှုဖြစ်စေခဲ့ပြီး ပီအက်စ်ဂျီကိုလည်း အမ်ဘာပီနှင့်ပတ်သက်၍ သတင်း လိမ်ခဲ့သည်ဟု စွပ်စွဲမှုများရှိလာ သည်။ သို့သော် အမ်ဘာပီက ယင်းကဲ့သို့ပြန်လည်ပါဝင်နိုင်ခြင်း မှာ ဆေးအဖွဲ့၏ကြိုးစားမှုကြောင့် ဟု ပြောခဲ့သည်။
Ref; Goal