images
UN
UN
တူရကီနှင့် အီရတ်ကြားတွင် ဆက်ဆံရေးတင်းမာမှုများ ဆက်လက်မြင့်တက်ဖွယ်ရှိ
NG(Ref; RT) Thursday, 13 August 2020
အီရန်နယ်စပ်တွင် အခြေစိုက်လှုပ်ရှား နေသောကာဒစ်ရှ်စစ်သွေြး<ွကများအား နှိမ် နင်းမှုများဆက်လက်ပြုလုပ်မည်ဟုတူရကီ ဘက်မှ တုံ့ပြန်ခဲ့ခြင်းကြောင့် တူရကီနှင့် အီရတ်ကြားတွင် ဆက်ဆံရေးတင်းမာမှု များ ဆက်လက်မြင့်တက်ဖွယ် ရှိကြောင်း ရုရှားတိုင်းမ်သတင်းဌာနကဖော်ပြသည်။
ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း၌ တူရကီဘက်မှ မောင်းသူမဲ့ယာဉ်များကိုပါ အသုံးပြုတိုက်ခိုက်ခဲ့ခြင်းကြောင့် အီရတ် စစ်တပ်မှ ထိပ်တန်းအရာရှိနှစ်ဦးကျဆုံးခဲ့ သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် အီရတ် နှင့် တူရကီကြားတွင် ဆက်ဆံရေးတင်းမာမှု များ မြင့်တက်လာခြင်းဖြစ်သည်။ တူရ ကီနိုင်ငံခြားရေးဝန်ကြီးဌာန၏သတင်းထုတ် ပြန်ချက်တစ်ရပ်အတွင်း၌ကာဒစ်ရှ်စစ်သွေးြ<ွကများအား ဆက်လက်နှိမ်နင်းသွားမည် ဖြစ်ကာ အီရတ်အနေဖြင့် ပူးပေါင်းဆောင် ရွက်မှုများပြုလုပ်သည့်နည်းလမ်းဖြင့်ကူညီ နိုင်ကြောင်း ဖော်ပြသည်။