images
UN
UN
ဂျာမနီတွင် ဆောင်းဦးရာသီ၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးရရှိဖွယ်ရှိ
KK (IR) Thursday, 13 August 2020
ဂျာမနီတွင် ပထမဆုံး ကိုရို နာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဆောင်းဦးရာသီထက်စောနိုင်သမျှ စောစော ရရှိနိုင်ကြောင်း သို့သော် ကပ်ရောဂါကို ထိန်းချုပ်နိုင်မှု မရှိ သေးကြောင်း ဂျာမနီနိုင်ငံကူးစက် ရောဂါအဖွဲ့အစည်း ရာဘတ်ခို့ခ်ျ ကသတိပေးချက်ထုတ်ပြန်သည်။
အကြိုခန့်မှန်းချက်အရ ၂ဝ၂ဝ့ ပြည့်နှစ်ဆောင်းဦးရာသီ နောက်ဆုံး ထားပြီး ကာကွယ်ဆေးတစ်ခု သို့မဟုတ် များစွာ ရရှိနိုင်မည်ဖြစ် ကြောင်း၊ ၂ဝ၂ဝ ဆောင်းဦးမှ ကာကွယ်ဆေးရရှိနိုင်မည်ဆိုသော ကြောင့် ကပ်ရောဂါကို ထိန်းချုပ် နိုင်ခြင်းရှိမရှိမှာ စိုးရိမ်ရဆဲပင် ဖြစ် ကြောင်း၊ ကာကွယ်ဆေးတိုင်း၏ သက်ရောက်မှုမှာအကန့်အသတ်ဖြင့် ပင် ရှိကြောင်း၊ ဈေးကွက်ထဲသို့ ပထမဖြန့်ဝေမည့် ကာကွယ်ဆေး သည် ကာလတိုအတွက်သာ ခံနိုင် ရည်ရှိစေကြောင်း ရောဘတ်ခို့ခ်ျ အဖွဲ့အစည်းက ၄င်း၏ဝက်ဘ် ဆိုက်တွင် ဖော်ပြထားခဲ့သည်။ ယခုအချိန်တွင် ရုရှားသည် ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရစ်စ် ကာ ကွယ်ဆေး အတွက် စည်းမျဉ်း ဆိုင်ရာ အတည်ပြုမှုရရှိသည့် ပထမဆုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာသည်။ သို့သော် နောက်ဆုံး ထုတ်လုပ်မှု စမ်းသပ်မှုအချက် အလက်များမရရှိသည့်အတွက်များ စွာသောကမ္ဘာလုံးဆိုင်ရာကျန်းမာ ရေးကျွမ်းကျင်သူများက စိုးရိမ်မှု မြင့်မားလျက်ရှိကြသည်။
Ref: www.metro.us