images
UN
UN
ဘီလာရုစ်ပဋိပက္ခတွင် လီသူယေးနီးယား ပိုလန်နှင့်လတ်ဗီးယားတို့က ကြားဝင်ဖြန်ဖြေရန်အသင့်ဟုဆို
KK (IR) Thursday, 13 August 2020
ဘီလာရုစ်နိုင်ငံတွင် ကျင်းပ ခဲ့သောသမ္မတလောင်းရွေးကောက် ပွဲပြီးဆုံးသွားပြီးနောက် လမ်းမများ ပေါ်တွင် သွေးထွက်သံယို ဖြစ်ပွား သည်အထိ ဆန္ဒပြမှုများဖြစ်ပေါ် ပြီးနောက် လီသူယေးနီးယား၊ပိုလန် နှင့်လက်ဗီးယားတို့သည် ဘီလာ ရုစ်အစိုးရနှင့် အတိုက်အခံအကြား ကြားဝင်ဖြန်ဖြေရန် အဆင်သင့်ပင် ဖြစ်ကြောင်း လီသူယေးနီးယား သမ္မတဂျင်တာနက်စ်နော်ဆဲဒါက ပြောသည်။
ပထမဆုံးအနေဖြင့် ဘီလာရုစ် တာဝန်ရှိသူများအနေဖြင့် ဆန္ဒပြသူ များအပေါ် အကြမ်းဖက်မှုကို ရပ် တန့်ရန်၊ ထိန်းသိမ်းထားသည့် ဆန္ဒ ပြသူများကို ပြန်လွှတ်ပေးရန်နှင့် လူမှုအဖွဲ့အစည်းအဖွဲ့ဝင်များနှင့် အမျိုးသားကောင်စီတစ်ခုကို ဖွဲ့ စည်းရန် နော်ဆဲဒါက ပြောကြားခဲ့ သည်။
၎င်းတို့၏ကနဦးလုပ်ဆောင်မှု များကို အပြုသဘောမဆောင်စွာ တုန့်ပြန်ခံရလျှင် အခြားသောအရာ များကို စားပွဲဝိုင်းဆွေးနွေးမှုများ ဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဥရောပအဆင့် သို့မဟုတ် အမျိုး သားအဆင့်တွင် အရေးယူပိတ်ဆို့ မှုများ လုပ်ဆောင်ရမည်ဖြစ် ကြောင်း နော်ဆဲဒါက ဗီလ်နီရပ်စ် တွင် သတင်းထောက်များကို ပြော ကြားခဲ့သည်။
Ref: The Star