images
UN
UN
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ပြည်သူတွေ နိုင်ငံရေးအရ နိုးကြားအောင် အစဉ်လုပ်နေရန်လိုပြီ
သိုက်ထွန်းထူး(ရေစကြို) Thursday, 13 August 2020
အချုပ်အခြာအာဏာအတွက် အပြန် အလှန်ပံ့ပိုးပေးရန် တရုတ်နှင့်ရုရှား ကတိ ပြုဟူသောခေါင်းစဉ်ဖြင့် ပြည်ထောင်စု သတင်းစာတွင် ဖတ်ရှုလိုက်ရပါ၏။
ဘာကြောင့် အင်အားတောင့်တင်း သောနိုင်ငံကြီးတွေ ယခုကဲ့သို့အပြန် အလှန်ပံ့ပိုးရေးသဘောတူညီချက်တွေ လုပ်နေကြရသလဲ စဉ်းစားရပါ၏။ ဆင် ခြင်ရပါ၏။
အဓိကဖော်ပြထားသည်မှာ-
နိုင်ငံတကာအခြေအနေမှာ ''ရုတ် ခြည်းပြောင်းလဲနေကြောင်း''ယင်းအခြေ အနေကို ရင်ဆိုင်နိုင်ရန်အတွက်
(၁) ပြင်ပမှဝင်ရောက်စွက်ဖက်မှုများကို ဆန့်ကျင်ရန်၊
(၂) နှစ်နိုင်ငံအကျိုးစီးပွားကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ရန်၊
(၃) တစ်နိုင်ငံချင်းစီ၏ အချုပ်အခြာ အာဏာလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာအခွင့်အရေးများကို ထိန်း သိမ်းရန်၊
(၄) တစ်ဦးကိုတစ်ဦး ခိုင်ခိုင်မာမာပံ့ပိုး ခြင်းပြုလုပ်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က အဆိုပြုပါ၏။
ရုရှားသမ္မတ ဗလာဒီမာပူတင်က လည်း ရုရှားနိုင်ငံကိုသူဆက်လက်၍ ခေါင်းဆောင်ခွင့်ရသည်မှာ-
(၁) နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်နိုင်ရန်၊
(၂) အမျိုးသားအချုပ်အခြာအာဏာကို ပိုမို ကာကွယ်နိုင်ရန်၊
(၃) နိုင်ငံရေးတည်ငြိမ်မှုကို ရေရှည်ထိန်း သိမ်းထားနိုင်ရန်၊
(၄) ရုရှားနှင့် တရုတ်တို့တွင် ကိုယ်ပိုင် အမျိုးသားရေးအချုပ်အခြာအာဏာနှင့် လုံခြုံမှုရှိပြီး အချိန်တိုင်းတစ်နိုင်ငံ နှင့်တစ်နိုင်ငံ အပြန်အလှန်ပံ့ပိုးပေး သွားကြမည်ဖြစ်ကြောင်း
ပူတင်ပြောကြားသည်ဟုဖတ်ရှုလေ့လာ မိပါ၏။
ကုလသမဂ္ဂတွင်ဗီတိုအာဏာသုံးစွဲခွင့် ရသော ဤအင်အားကြီးနှစ်နိုင်ငံသည်ယင်း တို့၏အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ ရေးအတွက်''ပြည်ပစွက်ဖက်မှု''ကို ဘာ ကြောင့် စိုးရိမ်နေရပါသနည်း။
၂ဝရာစုအတွင်းက ရုရှားနိုင်ငံကို ဂိုဘာချော့ဗ်ဦးဆောင်နေချိန်တွင် ပြည်ပ စွက်ဖက်မှုကြောင့် ၁၅နိုင်ငံပြိုကွဲခဲ့ရ၏။ ပြည်ပအလိုကျကပြခဲ့ရသော သမ္မတ ဂိုဘာချော့ဗ်၊ သမ္မတယဲ့ဆင်စသောရုပ် သေးသမ္မတများပေါ်ထွန်းခဲ့ကြရပါ၏။

ဤအတွေ့အကြုံများအရ နှစ်နိုင်ငံ ခေါင်းဆောင်များသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ပြည်ပစွက်ဖက်မှု မခံရအောင်ကြိုတင်၍ နှစ်နိုင်ငံသဘော တူအင်အားတည်ဆောက်ထားသော သဘောဆောင်ကြောင်း ဆင်ခြင်မိပါ၏။
မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထား သောပါတီများအနေဖြင့် မြန်မာ့အချုပ် အခြာအာဏာကို ပြည်ပစွက်ဖက်မှုရှိ မရှိ အမြဲပြန်လည်ဆန်းစစ်သင့်ပါသည်။
မြန်မာပြည်ကို ပြည်ပက စွက်ဖက်ရာ ၌ (parts and whole)အစိတ်အပိုင်းမှ တစ်ခုလုံးသို့ဝါးမျိုနည်းကျင့်သုံးခဲ့သည်။ မြန်မာတွေက မေ့မေ့ပျောက်ပျောက်ခွင့် လွှတ်တတ်သောအမြင်ဖြင့်နေတတ်သော် လည်း နယ်ချဲ့ကရည်ရွယ်ချက်ရှိရှိ ခြယ် လှယ်ခဲ့သည်ကို မမေ့အပ်ပေ။
(၁) ၁၈၂၄ ခုနှစ်တွင် ဗြိတိသျှနယ်ချဲ့ သမားသည် ရခိုင်နှင့် တနင်္သာရီကို သိမ်းသည်။
(၂) ၁၈၅၂ခုနှစ်တွင် ပဲခူးနှင့် အောက် မြန်မာပြည်ကိုသိမ်းသည်။
(၃) ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဗြိတိသျှနယ်ချဲ့သမား၏ ခြေဖဝါး အောက်သို့ ကျွန်အဖြစ်လုံးဝကျ ရောက်ခဲ့ရသည်။
ကျွန်ဘဝသို့ ကျရောက်သည်နှင့် တစ်ပြိုင်နက် ပထမဆုံးသောဆုံးရှုံးမှုမှာ အချုပ်အခြာအာဏာဖြစ်ကြောင်း ၁၈၈၆ ခု ဇန်နဝါရီလ ၁ ရက်နေ့တွင် အင်ပါယာ ပြည့်ရှင်ဘုရင်မကြီး၏အမိန့်အရ''သီပေါ မင်းပိုင် မြန်မာနယ်မြေအားလုံးသည် အိန္ဒိယဘုရင်ခံချုပ်ပိုင် နယ်မြေများအဖြစ် အုပ်စိုးခံရစေ''ဟူသော အမိန့်ကို ထုတ် ပြန်လိုက်လေသည်။
၁၈၈၆ ခု ဧပြီလတွင်မူ မြန်မာလွှတ် တော်ကြီးကို အပြီးဖျက်သိမ်းပစ်လိုက် လေသည်။
ဝိဓူရသခင်ချစ်မောင်၏ ကျွန်ဘဝဗမာပြည်(စာ-၄၂)
''အမျိုးသားလွတ်လပ်ရေးဆုံးရှုံးရ ခြင်းဖြင့် မြန်မာပြည်သည် နိုင်ငံရေးကျွန် ဖြစ်ခဲ့ရ၏။ နိုင်ငံရေးကျွန်ဘဝရောက်ရ ခြင်းကြောင့်စီးပွားရေးကျွန်ဘဝသို့ရောက် ကြရ၏။ စီးပွားရေးကျွန်ဘဝရောက်ပြီဆို လျှင်လူမှုရေးကျွန်ဘဝသို့ရောက်ရမြဲဖြစ် ၏။ (ဝင်ငွေမရှိတော့ မိသားစုအတွက် အဘယ်မှာလျှင်လူမှုရေးခံစားမှု စံစားမှု ရှိနိုင်ပါတော့မည်နည်း)

ဤသို့ ကျွန်ဘဝဗမာပြည်စာအုပ် တွင် ဖော်ပြထားတာဖတ်ရှုရပါ၏။ ထိုမျှမက ဗမာတို့၏ တစ်နှစ်ဝင်ငွေနှင့် ပြည်ပနိုင်ငံတို့၏ တစ်နှစ်ဝင်ငွေပါယှဉ်ပြ ထားပါ၏။
(က) မြန်မာပြည်၏ လူတစ်ယောက်တစ် နှစ်ဝင်ငွေမှာကျပ် ၄ဝဖြစ်ခဲ့သည်။
(ခ) အမေရိကန်ပြည်တွင် လူတစ်ယောက် တစ်နှစ်ဝင်ငွေမှာ ၂ဝ၅၃ ကျပ်၊ ထို့ အတူ အင်္ဂလန်မှာ ၁ဝ၉၂ ကျပ်၊ ပြင်သစ် ၆၃၆ ကျပ်၊ ဂျပန် ၂၇၁ ကျပ်ရှိကြောင်း သိရပါ၏။
ဤကျွန်ဘဝဗမာပြည်စာအုပ်ကို ၁၉၆၈ ခုနှစ်က ထုတ်ဝေခဲ့ကြောင်း သိရ ပါ၏။
အတိတ်က နိုင်ငံရေးသမားကြီးများ သည် သမိုင်းပေးတာဝန်ကျေပွန်ကြပါ ၏။ မြန်မာတွေ ကျွန်ဖြစ်ရပုံကို အချက် အလက်(FACTS)နှင့်ယှဉ်၍တင်ပြနိုင်တာ တွေ့ရပါ၏။ တစ်ဦးချင်းဝင်ငွေ ယှဉ်မရ အောင်နည်းပါးပုံကို(FIGURE)ကိန်း ဂဏန်းဖြင့် တင်ပြခဲ့တာတွေ့နိုင်ပါ၏။
ဤကဲ့သို့ မီးမောင်းထိုးပြသည်မှာ မျက်မှောက်ခေတ်နိုင်ငံရေးသမားများသည်ITခေတ်ဖြစ်၍ အတိတ်ကနိုင်ငံရေးသမား ကြီးများထက် အချက်အလက်ပြည့်စုံစွာ ပြည်သူထံတင်ပြပြီး ပြည်သူတစ်ရပ်လုံး နားမျက်စိဖွင့်ပေးကြရန် လိုပါသည်။
၂ဝရာစုတွင် ဆုံးရှုံးခဲ့သော အချုပ် အခြာအာဏာ ပြန်ရခဲ့ပါပြီ။ ၂၁ရာစုတွင် လုပ်ရမည့်အလုပ်မှာ (၁)အချုပ်အခြာအာ ဏာတည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးမှုအနည်း ဆုံးနိုင်ငံ(LDC)ဘဝက လွတ်မြောက်ရေး ဖြစ်ပါ၏။
မြန်မာတို့၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုဘယ်အခြေအနေတွင်ရှိသနည်း။ တရုတ်နှင့်ရုရှားတို့စိုးရိမ်နေသော ပြည်ပ စွက်ဖက်မှုကြောင့် အချုပ်အခြာအာဏာ လျော့ပါးမည့်အရေးကဲ့သို့ မြန်မာပြည် မှာရှိသလား ဆန်းစစ်သင့်ပါ၏။ ဤသို့ ဆန်းစစ်ပါက ဖြစ်စဉ်အလိုက် ဆင်ခြင်ရ ပေမည်။
ဖြစ်စဉ်(၁)
ပြည်သူလူထုနှင့် လွှတ်တော်က ကန့်ကွက်နေသည့်ကြားမှာပင် ရခိုင် ပြည်နယ် ဘင်္ဂါလီအရေးတွင် ပြည်ပ သား ကိုဖီအာနန်ကို အကြံပေးကော်မရှင် ကိုဦးစီးစေခဲ့ပါ၏။ ဤသည်မှာ ပြည်ပ ကစွက်ဖက်မှုကို စတင်ဖိတ်ခေါ်သည့် သဘောဆောင်ပါ၏။ ထိုမျှမက ကိုဖီ အာနန်၏ အကြံပြုချက်ကို လမ်းပြမြေပုံ သဖွယ် အသုံးပြုခဲ့ပါ၏။
ဖြစ်စဉ်(၂)
ရခိုင်ပြည်နယ်အရေးတွင် လူမျိုး တုံးသတ်ဖြတ်သည်ဟု စွပ်စွဲလျက် မြန်မာနိုင်ငံနှင့် မိုင်ပေါင်းများစွာကွာဝေး သော ဂမ်ဘီယာနိုင်ငံငယ်က ICJတွင် တရားစွဲတာ ခံရပါ၏။ ယင်းတရားခွင် တွင် မြန်မာရှေ့နေချုပ်များ မသုံးပါ။ ပြည်ပကရှေ့နေငှား၍ လျှောက်လဲပါ၏။ ဂမ်ဘီယာက ပထမအဆင့်မှာပင် အသာ စီးရသွားပါ၏။ ပြည်ပစွက်ဖက်မှုအတွက် ငွေပေး၍ ဖိတ်ခေါ်သလို ဖြစ်ပါ၏။
ဖြစ်စဉ်(၃)
ရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံ ပွဲ(Code of conduct)အစည်းအဝေး၏ စပွန်ဆာမှာ သြစတြေးလျသံအမတ်ကြီး ဖြစ်နေပါ၏။ ပြည်ပစွက်ဖက်မှုကို လက် ကမ်းကြိုဆိုနေသကဲ့သို့ ရှိပါ၏။
ဖြစ်စဉ်(၄)
အတည်ပြုရန် ခက်ခဲသောသတင်း အရ နိုင်ငံခြားသား ၉ဝ သည် အရေးကြီး တာဝန်ထမ်းဆောင်သူ၏ရုံးတွင် တာဝန် ထမ်းဆောင်ရန် ငှားရမ်းထားကြောင်း နားစွန်နားဖျားကြားရပါ၏။ ဤသတင်း မှန်ခဲ့သော် ပြည်ပက တစ်ခါတစ်ရံ စွက်ဖက်ရုံမက ရုံးဖွင့်၍စွက်ဖက်နေသော သဘောဆောင်နေသည်ဟုဆင်ခြင်ရပါ တော့မည်။