images
UN
UN
အနုပညာမျိုးဆက်ခုနစ်ယောက်ရဲ့ ပျော်ရွှင်စရာခရီးစဉ်ကို မကြာမီတင်ဆက်ပြသမည်
အဖြူရောင် Thursday, 13 August 2020
အနုပညာမျိုးဆက် ခုနစ်ယောက်ရဲ့ ပျော်ရွှင်စရာခရီးစဉ် အစီ အစဉ်ကို မကြာမီ တင်ဆက်ပြသမည်ဖြစ်ကြောင်း သိရသည်။
ယခုခရီးစဉ်အစီအစဉ်ကို 7th Sense Creation Facebook Page မှ တင်ဆက်ပေးသွားမည်ဖြစ်ပြီး ပါဝင်မည့်အနုပညာရှင်မျိုးဆက် ခုနစ်ယောက်မှာ အကယ်ဒမီ ယွန်းယွန်း၊ ဦးခင်လှိုင် သမီးသဇင်ထူး မြင့်၊ ဝါဆိုမိုးဦး ညီမလေး သဉ္ဇာ၊ ကျော်ရဲအောင် သမီးမှုံနံ့သာကျော်ရဲ အောင်၊ မင်းမော်ကွန်းသမီး လေပြေသွေး၊ ဦးအရိုင်းသမီး ပျိုပျိုမေ၊ အဲလက်စ်သမီး Dora Alex တို့ဖြစ်ကြသည်။
ပျော်စရာအစီအစဉ်တွေနဲ့ ဆယ်ကျော်သက်သူငယ်ချင်းတွေရဲ့ ခရီးစဉ်ကို ပရိသတ်များ ကြည့်ရှုကြရမည်ဖြစ်ပြီး ပုံမှန်ခရီးစဉ်များကို အနုပညာရှင်များက ရိုက်ကူးလေ့ရှိသော်လည်း ယခုခရီးစဉ်မှာ အနုပညာမျိုးဆက်သစ်များ၏ တစ်မူထူးခြားသည့်လှုပ်ရှားမှုများကို ကြည့်ရှုကြရမည်ဖြစ်သည်။