images
UN
UN
မဟူရာရုပ်ရှင်ရုံ ဇာတ်ကားကြီးကို International Platform ဖြစ်တဲ့ Amazon Prime မှာ တင်ဆက်ပြသခွင့်ရရှိ
အဖြူရောင် Thursday, 13 August 2020
မဟူရာရုပ်ရှင်ရုံ ရုပ်ရှင်ဇာတ် ကားကြီးကိုInternational Platform ဖြစ်တဲ့ Amazon Prime မှာ တင်ဆက်ပြသခွင့်ရရှိခဲ့ပြီဖြစ်တယ် လို့ သိရပါတယ်။
မဟူရာရုပ်ရှင်ရုံ ရုပ်ရှင်ဇာတ် ကားကြီးကို USA ?UK ?Canada နိုင်ငံသုံးနိုင်ငံနှင့် ဥရောပရှိ Amazon Prime အသုံးပြုသူပရိသတ် များ အားပေးကြည့်ရှုနိုင်ပြီဖြစ်ပြီး မကြာမီ တစ်ကမ္ဘာလုံးရှိAmazon Prime အသုံးပြုသူပရိသတ်များ ကြည့်ရှုနိုင်တော့မှာဖြစ်တယ်လို့ လည်း သိရပါတယ်။
အမိုက်စားမြန်မာတွေထဲမှာမှ မဟူရာရုပ်ရှင်ရုံဆိုတဲ့ သည်းထိပ် ရင်ဖိုရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဇာတ်ကားကောင်းတစ်ကားဖြစ် ပြီး နေတိုး၊ ကျော်ကျော်ဗို၊ မင်း သွေး၊ နန်းဆုဦးနှင့် ဘောလိဝုဒ်မင်း သမီးတို့ ပါဝင်သရုပ်ဆောင်ထား တာဖြစ်ပါတယ်။
ချောက်ချားစရာကောင်းတဲ့ ရုပ်ရှင်ရုံကြီးထဲကိုရောက်လာကြတဲ့ လူငယ်လေးများအဖွဲ့ရဲ့ ထိတ်လန့် စရာတွေနဲ့ ကြုံတွေ့ရခြင်းတွေ၊လျှို့ ဝှက်ချက်တွေကို ရှာမတွေ့မချင်း တွေနဲ့ ရုပ်ရှင်ရုံတစ်ရုံမှာ မှောင်မိုက် နေတဲ့ အတိတ်တွေနဲ့ပတ်သက်ပြီး ပုံဖော်ဖန်တီးထားတာဖြစ်ပါတယ်။