images
UN
UN
မြန်မာ့ရုပ်ရှင်ရာပြည့်ဂုဏ်ပြုဖျော်ဖြေပွဲ ပွဲစဉ်တွင်တွေ့ရမည့် ခင်ပိုးပန်းချီ
ဒဂုံဝေလင်း Thursday, 13 August 2020
မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြု ဖျော်ဖြေပွဲ ပွဲစဉ် ၂ ကို သြဂုတ် ၁၄ ရက် ည ၈ နာရီ ကျော်တွင် ပါဝင်သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်း တေးသံရှင်ခင်ပိုးပန်းချီက ပြောသည်။
''ညီမ ပထမပွဲစဉ်မှာတော့ သီဆိုရတဲ့သီချင်း လေးက ''ချစ်သောမောင်မောင်''ရုပ်ရှင်ဇာတ်ကား ကြီးထဲက ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်တဲ့ ''ချစ်သော မောင်မောင်''သီချင်းလေး ဆိုထားခဲ့ပါတယ်။ မူရင်း အဆိုတော်က အကယ်ဒမီရုပ်ရှင်မင်းသမီးကြီး အမေ ချိုပြုံးဖြစ်ပါတယ်။ အကယ်ဒမီ ရုပ်ရှင်မင်းသား ဦးဝင်းဦးကိုယ်တိုင် သရုပ်ဆောင်ပြီး ကိုယ်တိုင်ဒါရိုက် တာလုပ်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ ခုကတော့ ပွဲစဉ် (၂) မှာ စုံတွဲသီချင်းတွေ သီဆိုထားပါတယ်။ ညီမ ရုပ်ရှင်နှစ်တစ်ရာပြည့်ပွဲမှာ ပါဝင်သီဆိုခွင့်ရလို့ ကြည်နူးဝမ်းသာရပါတယ်။ ညီမ အနေနဲ့ သီဆိုဖို့ အလွန်ပဲမလွယ်ကူပါဘူး။ ညီမကို ယုံကြည်စိတ်ချစွာနဲ့ ပါဝင်သီဆိုပေးဖို့ ဖိတ်ခေါ်ပေးတဲ့FM-Bagan မှ ဦးဇော်ဝင်းထွဋ်နဲ့ တာဝန်ရှိသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ မြန်မာ့ရုပ်မြင်သံ ကြားနဲ့တာဝန်ရှိဝန်ကြီးတွေ တက်ရောက်ချီးမြှင့်ပေး လို့လည်း ဝမ်းသာဂုဏ်ယူမိပါတယ်''ဟု ၄င်းကပြော သည်။
မြန်မာ့ရုပ်ရှင်ရာပြည့်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ရုပ်ရှင် တေးသီချင်းအပုဒ် ၁ဝဝ ကို အပတ်စဉ် သောကြာနေ့တိုင်းMRTV ၏ ည ၈ နာရီသတင်းအပြီး ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။ ပွဲစဉ် (၂)တွင် ဂီတမှူး စန္ဒရားကိုခင်လှ၊ စန္ဒရားတင်ကိုကိုတို့၏ မြန်မာမှုတေးဂီတအဖွဲ့နှင့် နိုင်ငံကျော်တေးသံရှင်များ ဖြစ်သည့် ထား၊ အကယ်ဒမီ ချိုပြုံး၊ ရီရီသန့်၊ ခင်ညွန့် ရည်၊ တက္ကသိုလ်လဲ့လဲ့၊ နှင်းရည်သန့်၊ ခင်ပိုးပန်းချီ၊ ရန်ပိုင်စိုး၊ ဖိုးသောကြာနှင့် ရဲထိုက်တို့က ပါဝင်သီဆို မည်ဖြစ်ပြီး တိုက်ရိုက်ရိုက်ကူး ထုတ်လွှင့်မည်ဖြစ် သည်။