images
UN
UN
ဇီးကုန်းမြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ဈေးအကျိုးတော်ဆောင်အဖွဲ့တို့ ဈေးဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး
မောင်မောင်ထွန်း(ပန်းပျိုးအိမ်) Thursday, 13 August 2020
ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် ဇီးကုန်းမြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် ဈေး အကျိုးတော်ဆောင်အဖွဲ့တို့ ဈေး ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက် သည့် ညှိနှိုင်းဆွေးနွေးပွဲကို ယမန် နေ့နံနက် ၁ဝ နာရီက မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပ ခဲ့သည်။
ယင်းညှိနှိုင်း ဆွေးနွေးပွဲသို့ မြို့နယ်စည်ပင်သာယာရေးကော်မ တီဥက္ကဋ္ဌ ဦးနေဝင်းနှင့်အဖွဲ့ဝင်များ၊ ဈေးအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းကျော်နှင့်အဖွဲ့ဝင်များတက် ရောက်ကြပြီး အမှုဆောင်အရာရှိ ဦးမျိုးဇင်ဝင်းက ဈေးအကျိုးတော် ဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်း နှင့်ပတ်သက်သည့်စည်းကမ်းသတ် မှတ်ချက်ဆိုင်ရာကိစ္စရပ်များ၊ ယာယီ ဗျပ်ထိုးဈေးတန်းများ ထားရှိမှု အခြေအနေနှင့် ဈေးသန့်ရှင်းရေး ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်း ချပြပြီး တက်ရောက်လာသူများက ဆောက်ရွက်သင့်သည့် အကြောင်း ရပ်များကို တင်ပြဆွေးနွေးကြပြီး ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ် ခဲ့ကြောင်း သိရသည်။