images
UN
UN
ကျုံပျော်မြို့နယ် ဒါးကချောင်းသဘာဝရေပြင်အင်းချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ ငါးသိန်းခွဲ မျိုးစိုက်ထည့်
နေဝင်းမြင့်(ကျုံပျော်) Thursday, 13 August 2020
ဧရာဝတီတိုင်းဒေသကြီး ကျုံ ပျော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန က ရေရှည်စဉ်ဆက်မပြတ် ငါးစား သုံးနိုင်ရန်နှင့် ငါးထုတ်လုပ်မှု တိုး တက်မြင့်မားလာစေရန်၊ ငါးသယံ ဇာတများပေါများလာစေရန်ရည် ရွယ်၍ ဒါးကချောင်းသဘာဝရေပြင် အင်းချောင်းအတွင်းသို့ ငါးသား ပေါက်ကောင်ရေ ငါးသိန်းခွဲ မျိုး စိုက်ထည့်ခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ငါးမျိုးစိုက်ထည့်ရာသို့ တိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ဦးသော်ထွန်းဦး၊ ပုသိမ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်နှင့် သာပေါင်းမြို့၊ ရေ ကြည်မြို့တို့မှ ငါးလုပ်ငန်းဦးစီး ဌာနမှူးများ၊ ကျုံပျော်မြို့နယ်မှ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့များ၊ အင်းသားကြီးများ တက်ရောက် ကြပြီး ငါးမြစ်ချင်းသားပေါက် ကောင်ရေ သုံးသိန်းခွဲ၊ ငါးခုံးမ သားပေါက်ကောင်ရေ တစ်သိန်း နှင့် ငါးကြင်းရွှေဝါ သားပေါက် ကောင်ရေ တစ်သိန်း၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ငါးသိန်း ခွဲကို ဒါးကချောင်းအတွင်း ငါးမျိုး စိုက်ထည့်ခဲ့ကြသည်။
ကျုံပျော်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ ငါး မျိုးစိုက်ထည့်ခြင်းသည် ပြည်သူ လူထု ငါးစားသုံးမှုဖူလုံစေရန်နှင့် ငါးသယံဇာတများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခု ကဲ့သို့ သဘာဝရေပြင်အင်းချောင်း များနှင့် ရေအစဉ်အမြဲတည်ရှိနေ သည့် ကြေးတိုင်အင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်းများကို နှစ်စဉ် နှစ်တိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျုံပျော်တွင် ငါးသယံဇာတထုတ် လုပ်မှုအတွက် ဂရန်အင်းပေါင်း ၃ဝ ဖြင့် ဆောင်ရွက်လျက်ရှိ ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ခင်မျိုးနိုင်ထံမှ သိရသည်။