images
UN
UN
ကော့ခမယ်ကျေးရွာ၌ အမျိုးသမီးအသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း အခမဲ့ဖွင့်လှစ်ပို့ချ
မြင့်ဦး(မြိတ်) Thursday, 13 August 2020
ကျေးလက်နေအမျိုးသမီးငယ် များ တစ်ပိုင်တစ်နိုင် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ မိသားစု ဝင်ငွေတိုးပွားရရှိစေရန် ရည်ရွယ် ၍ ၂ဝ၁၉ -၂ဝ၂ဝ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မော်လမြိုင်မြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ် သည့် အမျိုးသမီးအသက်မွေးဝမ်း ကျောင်းအထောက်အကူပြုအခြေခံ စက်ချုပ်သင်တန်းအခမဲ့ တစ်လ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက မွန်ပြည်နယ် မော်လမြိုင်ခရိုင်ကော့ခမယ်ကျေးရွာ အုပ်စု ကော့ခမယ်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုး မောင်က သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် သင်တန်းသူများ အနေဖြင့် သင်တန်းကာလတွင် ကြိုးကြိုးစားစားလေ့လာသင်ယူ ရေး၊ သင်တန်းချိန်နှင့် သင်တန်း စည်းကမ်းများကို လိုက်နာမှုရှိစေ ရန်နှင့် အားပေးစကားပြောကြား ခဲ့ပြီး သင်ထောက်ကူပစ္စည်းများ ကို သင်တန်းသူများအား ပေးအပ် ခဲ့သည်။ ယင်းနောက် မော်လမြိုင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဦးအေးနိုင်က သင် တန်းသူများအား သင်တန်းနှင့်ပတ် သက်၍ရှင်းလင်းပြောကြားခဲ့သည်။
''ကျွန်တော်တို့ရွာမှာ အခုလို မျိုး သင်တန်းလာရောက်ဖွင့်လှစ် ပေးတဲ့အတွက် အများကြီးအကျိုး ရှိပါတယ်။ အခုကာလက ကိုဗစ် ရောဂါကြောင့် အလုပ်အကိုင်အခွင့် အလမ်းတွေ့မရှိတဲ့အချိန်မှာ ကလေး မလေးတွေ့အတွက်အထောက်အကူ ဖြစ်စေပါတယ်။ ဒီသင်တန်းက ဆင်းရင်ကိုယ့်ရွာကိုယ့်အိမ်မှာ တစ် နိုင်တစ်ပိုင်စက်ချုပ်ဆိုင်လေးဖွင့် နိုင်မယ်။ အလုပ်အကိုင်အခွင့် အလမ်းတွေ့လည်းရမယ်၊ မိသားစု အတွက် ဝင်ငွေလည်းရတော့ပို အဆင်ပြေပါတယ်''ဟုကော့ခမယ် ကျေးရွာနေ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
အဆိုပါသင်တန်းသို့ ကော့ခ မယ်ကျေးရွာမှ အမျိုးသမီးသင် တန်းသူ ၂၅ ဦးတက်ရောက်ခဲ့ကြ ပြီးသင်တန်းတွင် သင်ထောက်ကူ ပစ္စည်းအစုံအလင်ဖြင့် သင်တန်း နည်းပြဆရာမဒေါ်မိကေသီဇင်က သင်တန်းကာလတစ်လအတွင်း ဘာသာရပ်ကိုးမျိုးကို နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီအထိ စာတွေ့လက်တွေ့အခမဲ့ကျေးရွာ အရောက်သင်ကြားပေးမည်ဖြစ် ကြောင်း မော်လမြိုင်မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ မြို့နယ်ဉီးစီးမှူး ဦးမင်း မင်းစိုးက ပြောခဲ့သည်။