images
UN
UN
ပိုင်ကျုံမြို့အမှတ်(၅)ရပ်ကွက်နှင့်ရွာကိုင်းကောင်းကျေးရွာရှိ ဝက်ခြံများတွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်
စောစ ဖိုး Thursday, 13 August 2020
ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့ မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာနအနေဖြင့် ဝက်များ ကူးစက်ရောဂါမှ ကာကွယ်နိုင်ရန် အတွက်ရည်ရွယ်၍ ပိုင်ကျုံမြို့ အမှတ်(၅)ရပ်ကွက်နှင့် ရွာကိုင်း ကောင်းကျေးရွာရှိ ဝက်ခြံများတွင်း ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ကို ယမန်နေ့က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပိုင် ကျုံမြို့အတွင်းရှိ ဒေသခံပြည်သူ များ မိမိတို့မွေးမြူးထားသည့် ဝက် များ ရောဂါကူးစက်မှုမရှိစေရန် ကာကွယ်ဆေးထိုးပေးခြင်းနှင့် ဝက်ခြံများတွင် ရောဂါပိုးများကင်း ရှင်းစေရန် (Biosept)ပိုးသတ် ဆေးဖျန်းပေးခဲ့ပြီး ဝက်မွေးမြူ ရေးနှင့်ပတ်သက်သည့် အသိပညာ ပေးလုပ်ငန်းများ ဆွေးနွေးပြော ကြားကာလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှလက်ထောက် ကြီးကြပ်ရေးမှူးဦးကျော်ဆန်းလင်း နှင့်သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေသေး သည့်ရပ်ကွက်၊ ကျေးရွာများရှိ ဝက်များ ကူးစက်ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်(ငြသျနစအ) ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။