images
UN
UN
တာချီလိတ်မြို့အတွင်း ငွေကျပ်သိန်းပေါင်း ကိုးဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်များကို သိမ်းဆည်းရမိ
မေနဒီ Thursday, 13 August 2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း လုံခြုံ ရေးဆောင်ရွက်နေသော ပူးပေါင်း အဖွဲ့ဝင်များသည် ယနေ့ နံနက် ၃ နာရီ ၁၅ မိနစ်တွင် တာချီလိတ် မြို့ ဝိန်းကျောက်ရပ်ကွက် ရွှေကမ္ဘာ ကားပြင်ဆိုင်ရှေ့၌ သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် တာချီလိတ်မြို့တွင်းမှ မောင်းနှင် လာသော Fontuner အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်ကို စစ် ဆေးရန်တားမြစ်စဉ် ယာဉ်မောင်း သည်ယာဉ်အားရပ်တန့်ပြီးထွက်ပြေး သွားခဲ့ရာ အဆိုပါယာဉ်ကို စစ်ဆေး ရာ ယာဉ်နောက်ခန်းအတွင်းရှိ ပီနံအိတ် ၁၅ အိတ်အတွင်းမှ အိုက်စ် ၃၇၅ ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ကိုးဘီလီယံကျော်) ကို သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံး၏ ယနေ့မွန်းလွဲပိုင်းက ထုတ်ပြန်သည့် အဆိုပါသတင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ သိမ်းဆည်းရမိသည့် မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါး များကို တာချီလိတ် မူးယစ်တပ်ဖွဲ့ စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သိရသည်။