images
UN
UN
ထားဝယ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အရှေ့ပုပ္ပါး(ခေါ်)စပါးတောင်ရှိ မြင်းဖြူရှင်နန်းဆောင်အတက်အဆင်းလမ်းပြုပြင်လမ်းခင်း
ခွန်အောင်ကျော်စွာ(ထားဝယ်) Thursday, 13 August 2020
ထားဝယ်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဥက္ကဋ္ဌ ဦးယုနိုင်နှင့် မြို့နယ်ပါတီကော် မတီဝင်များ၊ အရန်ပါတီကော်မတီ ဝင်များ၊ ကျောက်ရပ်ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင် များသည် ယနေ့နံနက် ၈နာရီတွင် အရှေ့ပုပ္ပါး(ခေါ်) စပါးတောင်ရှိ မြင်းဖြူရှင် နန်းဆောင်အတက် အဆင်းလမ်းရှိ ကားများအဝင် အထွက် အခက်အခဲဖြစ်နေသော လမ်းနေရာအား ကာယဒါနအနေ ဖြင့် ကျောက်နှင့်မြေသားများဖို့၍ လမ်းခင်းခြင်းများကို နံနက် ၁၁ နာရီအထိ စုစုပေါင်းအင်အား ၁၂ ဦး ဖြင့် ဆောင်ရွက်ခဲ့ပြီး မြို့နယ် ဥက္ကဋ္ဌကနေ့လယ်စာများပြန်လည် ဒါနပြု ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။