images
UN
UN
ဝန်းသိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီဆိုင်းဘုတ်အသစ်ပြန်လည်လဲလှယ်တပ်ဆင်
ညီညီထွန်း(ဝန်းသို) Thursday, 13 August 2020
စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးတွင် ပါတီဆိုင်းဘုတ် အသစ်ကိုယနေ့နံနက်ပိုင်းကမြို့နယ် ပါတီဥက္ကဋ္ဌ ဦးထိန်မင်း၊ ဦးစိုးပိုင်၊ မြို့နယ် ပါတီအတွင်းရေးမှူး ဒေါ်မြင့်မြင့်ခိုင်တို့သည် မင်္ဂလာ အချိန်၌ အောင်သပြေအောင်ရေ လောင်းပြီး အောင်မြင်စွာတင် မြှောက် တပ်ဆင်ခဲ့ကြောင်းသိရ သည်။
ယင်းပါတီဆိုင်းဘုတ်တင်ပွဲသို့ မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကျေး ပါတီကော်မတီဝင်များ တက်ရောက်ကြောင်း သိရသည်။