images
UN
UN
ရေကြည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီရုံးတွင် ပါတီဆိုင်းဘုတ်စိုက်ထူ
ဆန်းတင့် (ရေကြည်) Thursday, 13 August 2020

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည် မြို့နယ် ရုံးတုံးကျေးရွာအုပ်စု ရုံးတုံးကျေးရွာတွင် ယမန်နေ့ နံနက် ၈နာရီခွဲက ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးပါတီဆိုင်းဘုတ် စိုက်ထူခဲ့ကြောင်း သိရသည်။
ရပ်ကျေးပါတီရုံး ဆိုင်းဘုတ်စိုက်ထူရာတွင် တိုင်းဒေသကြီးပါတီ ကော်မတီဦးမြင့်သိန်း၊ မြို့နယ် ပါတီကော်မတီဝင် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်အိအိချော၊ မြို့နယ်အီးစီ ပါတီကော်မတီဝင် ဦးအောင် သက်ဦးတို့သည် ယမန်နေ့ နံနက်ပိုင်းက ရေကြည်မြို့နယ် ရုံးတုံး ကျေးရွာအုပ်စု ရုံးတုံး ကျေးရွာ ရပ်/ကျေးပါတီဥက္ကဋ္ဌ ဦးအောင်မျိုးဦး နေအိမ်၌ ပါတီဆိုင်းဘုတ်များစိုက်ထူ၍ မင်္ဂလာ အချိန်၌ အမွှေးနံ့သာ များဖျန်းပေးပြီး ရပ်ကျေးပါတီ ရုံးများဖွင့်လှစ်ရာ သက်ဆိုင်ရာ ကျေးရွာအုပ်စုပါတီ ဥက္ကဋ္ဌနှင့်ရပ်ကျေးပါတီကော်မတီဝင်များနှင့် ပါတီ ဝင်များက ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။