images
UN
UN
အထောက်အထားမပြနိုင်၍ ဆိုင်ကယ်စီးလာသောအမျိုးသားနှစ်ဦးကို ဖမ်းဆီးအရေးယူ
ထွန်းလှိုင်(မြိုင်) Wednesday, 12 August 2020
တိုက်ကြီးမြို့မရဲစခန်းမှ နယ် ထိန်းခေါင်းဆောင် ဒုရဲအုပ်သိန်း မင်းထွဋ်၊ရဲတပ်ကြပ်ကြီးထွန်းတင်၊ ရဲတပ်ကြပ်ကြီး ရန်နိုင်စိုး၊ ရဲတပ်ဖွဲ့ ဝင်များ၊သက်သေလိမ္မော်ခြံကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးခင်ဇော်၊ ရာအိမ်မှူးတို့နှင့်အတူ ယမန်နေ့ ညနေ ၄ နာရီခွဲတွင် နယ်မြေ အတွင်း လှည့်ကင်းဆောင်ရွက်စဉ် တိုက်ကြီး-လိမ္မော်ခြံသွားရွာလမ်းမ ကြီးပေါ် မြစိမ်းတောင်ဘုန်းတော် ကြီးကျောင်းရှေ့တွင် လိမ္မော်ခြံရွာ ဘက်မှ တိုက်ကြီးမြို့ဘက်သို့ ရှိုင်း ထက်အောင်မောင်းနှင်ပြီး အေးမင်း နောက်မှလိုက်ပါလာသော LUOJIA 110 စာတန်းပါ နက်ပြာရောင် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ အေးမင်းနှင့် ရှိုင်းထက်အောင်၏ ကြားဆိုင်ကယ်ပေါ်တွင် Kip Ling စာတန်းပါ နီညိုရောင် အမျိုးသမီး လက်ကိုင်အိတ်ထဲတွင် မြန်မာငွေ ကျပ် ၂၃၃ဝဝနှင့် ဆင်းမ်ကတ်ပါ I Phone စာတန်းပါ ငွေရောင်ဖုန်း တို့ကို ရှာဖွေတွေ့ရှိ၍ စစ်မေးရာ ၄င်းတို့ပိုင်ဆိုင်ကြောင်း အထောက် အထား တစ်စုံတစ်ရာ ပြောပြနိုင် ခြင်းမရှိသဖြင့် မိမိရဲစခန်းနယ်မြေ နှင့်အခြားရဲစခန်းအပိုင်နယ်မြေ အတွင်းရှိ နေအိမ်အဆောက်အအုံ တစ်ခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာသဖြင့် ရှိုင်းထက်အောင် (၂၂နှစ်) ကျပန်းလုပ် တောင်းဇင်း ကျေးရွာ မိုးညိုမြို့နယ်နှင့် အေးမင်း (၁၉နှစ်)ကျပန်းလုပ်ရင်းတိုက်ကွင်း ကျေးရွာ တိုက်ကြီးမြို့နယ်နေသူ တို့အား တိုက်ကြီးမြို့မရဲစခန်းမှ (ပ)၁၄၇၃/၂ဝ၂ဝ၊ ရာဇသတ်ကြီး ပုဒ်မ ၃၈ဝ/၅၄ ဖြင့် အမှုဖွင့်အရေး ယူလျက်ရှိကြောင်း သိရသည်။