images
UN
UN
ရွှေဆွဲကြိုး လုယက်ယူလာသည်ဟု မသင်္ကာသူကို ဖမ်းဆီးရမိ
နေမင်း(တခလ) Tuesday, 11 August 2020
ကမာရွတ်မြို့နယ် အမှတ် (၉)ရပ်ကွက် တက္ကသိုလ်ရိပ်သာ လမ်းအနီး၌ ရွှေဆွဲကြိုးတစ်ကုံးအား တစ်နေရာရာမှ လုယက်ယူလာ သည်ဟု မသင်္ကာသူ အမျိုးသား တစ်ဦးကို ယမန်နေ့ ညနေပိုင်းက ဖမ်းဆီးရမိသည်။
ယခုလ ၉ ရက် ညနေ ၄ နာရီခွဲက ကမာရွတ်မြို့မရဲစခန်းမှ ဒုရဲအုပ်လွှမ်းမိုး ဦးစီးတပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် ကမာ ရွတ်မြို့နယ် အမှတ်(၉)ရပ်ကွက် တက္ကသိုလ်ရိပ်သာလမ်းအနီးတွင် ဂျင်းဘောင်းဘီအရှည်နှင့် အပြာနု ရောင် တီရှပ်လက်တိုအင်္ကျီဝတ် ဆင်ထားသော အမျိုးသားတစ်ဦး ထွက်ပြေးလာသည်ကို မသင်္ကာ ဖွယ်တွေ့ရှိ၍စစ်ဆေးရာ ၄င်းသည် ဝတ်ဆင်ထားသော အဝတ်အစား များအားချွတ်၍ ထွက်ပြေးသွားခဲ့ သောကြောင့် အနီးပတ်ဝန်းကျင်ရှိ ပရဟိတလူငယ်များနှင့်ရဲတပ်ဖွဲ့က ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသူမှာ သန်း ထိုက်အောင်(ခ)ရှိုင်းဇော် (၂၅နှစ်) တောင်ကုတ်မြို့နယ် ရခိုင်ပြည် နယ်နေသူဖြစ်ပြီး လမ်းတွင် ထွက် ပြေးစဉ်ချွတ်ခဲ့သော တီရှပ်၊ ရှစ်ပဲ ခုနစ်ရွေးခန့်ရှိ သံကြိုးဆက်ပုံပါ ဆွဲကြိုးနှင့် ရွှေအိုးပုံ လော့ကတ် သီးပါ ရွှေဆွဲကြိုးတစ်ကုံးတို့အား သိမ်းဆည်းရမိပြီး ၄င်းပိုင်ဆိုင် ကြောင်း အထောက်အထားတစ် စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် တစ်နေရာမှ လုယက်ခိုးယူလာနိုင် ဖွယ်ရှိကြောင်း သိရသည်။
အမှုမှ ရွှေဆွဲကြိုးတစ်ကုံးအား မြို့နယ်တစ်ခုခုအတွင်းရှိ လမ်းမ တစ်နေရာရာမှ လုယက်ယူလာသည် ဟု မသင်္ကာသူ သန်းထိုက်အောင် (ခ)ရှိုင်းအောင်အား ကမာရွတ်မြို့မ ရဲစခန်းမှ အမှုဖွင့်ကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ကမာ ရွတ်မြို့မရဲစခန်းမှ သိရသည်။