images
UN
UN
ဂရိနောက်ခံလူဆီမီကတ်အား ပေါင် ၁၁ သန်းကျော်ဖြင့် လီဗာပူးခေါ်ယူ
Ref; Dailymail Tuesday, 11 August 2020
လီဗာပူးအသင်းသည် ဘယ် နောက်ခံကစားသမား ကော့စ်တက် ဆီမီကတ်အား အိုလံပီယာကော့စ် အသင်းမှ ပေါင် ၁၁ ဒသမ ၇၅ သန်းဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။ ဂရိ လက်ရွေးစင်ကစားသမား ဆီမီ ကတ်သည် အိုလံပီယာကော့စ်တွင် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ၌ စတင်ပွဲ ထွက်ခဲ့ပြီး ၈၆ ပွဲပါဝင်ကစားပေး ခဲ့သူဖြစ်သည်။ လီဗာပူးသည် နောက်ခံကစားသမား အန်ဒီရော ဘတ်ဆန်၏နေရာတွင် အစားဝင် ကစားပေးနိုင်ရန်ရည်ရွယ်၍ ¤င်း ကိုခေါ်ယူခဲ့ခြင်းလည်းဖြစ်သည်။
ဆီမီကတ်က ''လီဗာပူးအ သင်းကို ပြောင်းရွှေ့ခွင့်ရခဲ့လို့ ဂုဏ် ယူမိသလို ပျော်လည်းပျော်ရွှင်မိပါ တယ်။ ဒီအသင်းမှာ ပါဝင်ခွင့်ရဖို့ ဆိုရင် ကျွန်တော့်အနေနဲ့ အမြင့်ဆုံး ခြေစွမ်းရှိနေဖို့လိုတယ်ဆိုတာကို လည်း သိထားပါတယ်''ဟု ပြော ကြားခဲ့သည်။ ¤င်းသည် လီဗာပူး တွင်ကျောနံပါတ် ၂၁ ဝတ်ဆင် မည်ဖြစ်သည်။