images
UN
UN
ဖမ်းဆီးထိန်းသိမ်းထားသည့်အစိုးရဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူများအား ပြန်လွှတ်ပေးရန် တက်ကြွလှုပ်ရှားသူများတောင်းဆို
NG(Ref; Reuters) Saturday, 08 August 2020
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တရားရုံးတစ်ခုတွင် ယနေ့နံနက်ပိုင်း က တက်ြ<ွကလှုပ်ရှားသူများနှင့် ကျောင်းသားများက အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်သည်ဟု သတ်မှတ်ကာ ဖမ်းဆီးထိန်းသိမ်းထား သည့်တက်ြ<ွကလှုပ်ရှားသူ အေနွန်နှင့်ကျောင်းသားခေါင်းဆောင်ပါနူပေါင် တို့အားပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး လုံခြုံရေးများနှင့် အချေအတင် ဖြစ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
ပြီးခဲ့သည့်လကုန်ပိုင်းမှစတင်ကာ ဘန်ကောက်မြို့တွင် ကျောင်းသား များနှင့် တက်ြ<ွကလှုပ်ရှားသူများက လက်ရှိဝန်ကြီးချုပ်ပရာယွန်ချန်အိုချာ အား ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုသောဆန္ဒပြမှုများ ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။ ထိုင်းအစိုးရဘက်မှ အစိုးရအဖွဲ့ဝင်တချို့အား အပြောင်း အလဲများ ပြုလုပ်ခဲ့ပြီးနောက်တွင် ဆန္ဒပြမှုများ ပေါ်ထွက်လာခြင်းဖြစ် သည်။ ထိုင်းရဲတပ်ဖွဲ့က အေနွန်နှင့် ပါနူပေါင်တို့သည် နိုင်ငံတော်သစ္စာ ဖောက်မှုနှင့် အရေးပေါ်ကာလဆိုင်ရာဥပဒေများကို ချိုးဖောက်သည်ဟု သတ်မှတ်ကာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် တရားစွဲဆိုရန်ပြင်ဆင်လျက် ရှိသည်။ ဆန္ဒပြသူများဘက်မှ ၄င်းတို့နှစ်ဦး ပြန်မလွှတ်ပေးလျှင် ဆန္ဒပြ မှုများကို ဆက်လက်ပြုလုပ်မည်ဟု အတည်ပြုထားသည်။