images
UN
UN
အိန္ဒိယနယ်ခြားစောင့်တပ်များ တိုက်ခိုက်ခံရမှုကြောင့် အိန္ဒိယ-မြန်မာနယ်စပ်အား လုံခြုံရေးမြှင့်တင်ထား
NG Saturday, 08 August 2020
အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ ဝင်များအား ချုံခိုတိုက်ခိုက်ခံခဲ့ရ ခြင်းကြောင့် အိန္ဒိယသည်မြန်မာ နိုင်ငံနှင့်ထိစပ်နေသောနယ်စပ်ဒေ သများကို လုံခြုံရေး မြှင့်တင်မှု များ ပြုလုပ်ထားကြောင်း အိန္ဒိယ နေ့စဉ်သတင်းဌာနကဖော်ပြသည်။
ဇူလိုင် ၂၉ ရက်တွင် မဏိပူရ ပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံ နှင့်ထိစပ်နေသောနယ်စပ်ဒေသများ တွင် ကင်းလှည့်မှုများ ပြုလုပ်နေ သည့်နယ်ခြားစောင့်တပ်ရင်းဖြစ် သောအာသံရိုင်ဖယ်မှ တပ်ဖွဲ့ဝင် များအား နာဂခွဲထွက်ရေးအဖွဲ့များ က ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ အဆိုပါတိုက်ခိုက်မှုကြောင့် နယ် ခြားစောင့်တပ်ဖွဲ့ဝင် သုံးဦး ကျ ဆုံးကာ ခြောက်ဦး ဒဏ်ရာ ရရှိ ခဲ့သည်။ တိုက်ခိုက်ခဲ့သောခွဲထွက် ရေးအဖွဲ့များသည် မြန်မာနိုင်ငံနှင့် ထိစပ်နေသောနယ်စပ်ဒေသများ တွင် အခြေပြုကာ အိန္ဒိယနယ် ခြားစောင့်တပ်များကို တိုက်ခိုက်မှု များ ပြုလုပ်နေသည့်အဖွဲ့များဖြစ် သည်။ သို့သော် အဆိုပါဖြစ်စဉ် သည် ပြီးခဲ့သည့်ငါးနှစ်ခန့်အတွင်း အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ဝင် များကို နာဂခွဲထွက်ရေးအဖွဲ့များ က ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ သည့်ဖြစ်စဉ်ဖြစ်ခဲ့ကာ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနဘက်မှ ထိထိရောက်ရောက်တုံ့ပြန်ရန်ပြင် ဆင်လျက်ရှိသည်။ အိန္ဒိယကာ ကွယ်ရေးဝန်ကြီးဌာနသည်အလား တူတိုက်ခိုက်မှုများနှင့် ထပ်မံမကြုံ စေရန်အတွက်မြန်မာနိုင်ငံနှင့်ထိစပ် နေသောနယ်စပ်ဒေသများကိုလုံခြုံ ရေးမြှင့်တင်ခဲ့ခြင်းဖြစ်သည်။