images
UN
UN
No Vote ဆိုတာမပြောဘဲ အမျိုးဘာသာသာသနာကိုစောင့်ရှောက်တဲ့ တိုင်းပြည်နဲ့လူမျိုးကိုစောင့်ရှောက်တဲ့ တိုင်းရင်းသားအရေးကိုကြည့်တဲ့ပါတီကို စုပုံပေးရမယ်
ကိုနေ၊ ဗိုလ်စော Saturday, 08 August 2020
လာမည့် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ယုံကြည်စိတ်ချရသောအစီအမံများကို ပြည်သူလူထုသို့ အသိပေးရှင်းလင်းရန် နိုင်ငံရေးပါတီများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား တိုက်တွန်းတောင်းဆိုမှုနှင့်ပတ်သက်ပြီး လူထုပါတီဥက္ကဋ္ဌ ဦးပါစီပြည်ဟိန်းအား ပြည်ထောင်စုနေ့စဉ်မှ ဆက်သွယ်မေးမြန်းထားမှုကို ဖော်ပြအပ်ပါသည်။
မေး။ နိုင်ငံရေးပါတီ ၂၁ ပါတီနဲ့ ပတ်သက်ပြီးတော့ ပြည်
ထောင်စုရွေးကောက်ပွဲကော်မရှင် သို့ အိတ်ဖွင့်ပေးစာပေးခဲ့တဲ့အပေါ် ဆရာ့ရဲ့ မှတ်ချက်ပြုစကားလေး ပြောပြပေးပါခင်ဗျ။
ဖြေ။ ရွေးကောက်ပွဲနဲ့ပတ်သက် လို့တော့ တရားမျှတမှုရှိမှာ
မဟုတ်ဘူး။ ကိုဗစ်ရောဂါနဲ့ ခေါင်း စဉ်အောက်က သွားရတာကို။ကျွန်တော်တို့အကျယ်တဝင့်လည်း စည်းရုံးလှုံ့ဆော်မှုလုပ်နိုင်မှာမဟုတ် ဘူးလေ။ နောက် တချို့ရွာတွေမှာ စည်းရုံးရေးဆင်းမယ်ဆိုတော့လည်း အဲဒီအချို့ရွာတွေမှာ ကိုဗစ်ရောဂါ ကြောင့် အဝင်မခံတဲ့ရွာတွေရှိ တယ်ဗျ။ နိုင်ငံရေးပါတီတွေအနေ နဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်လို့ရ မယ့်ရွေးကောက်ပွဲတော့ မဟုတ် လောက်ဘူး။အဲဒါတော့ ကျွန်တော် တို့ မူလသဘောထားပေါ့။ ကျွန် တော်တို့ မူလသဘောထားက ပါတီ ၉ဝလောက်က ရွေးကောက် ပွဲကိုမလုပ်ဖို့ စည်းရုံးတာ တချို့ ပါတီတွေရဲ့ သဘောထားနဲ့မကိုက် ညီလို့ ဘာမှလုပ်လို့မရတဲ့အနေ အထားတော့ ဖြစ်နေတယ်။ အဲဒီ လိုတောင်ကျွန်တော်တို့ကြိုးစား ခဲ့ကြတယ်လေ။
မေး။ အာဏာမရှိတဲ့သာမန်အရပ် သားတွေကိုတော့ အရေး
ယူထောင်ချတယ်။ ဦးစောဒေးဗစ် လားကျတော့ ထောင်သုံးလကျ တယ်ပေါ့။ ဝန်ကြီးချုပ်တစ်ဦးကျ တော့ သူတို့အရေးမယူဘူး။ သတိ ပေးမှုလောက်ပဲရှိတဲ့အပေါ်မှာကော ပြည်သူတစ်ယောက်အနေနဲ့ ပါတီ ဥက္ကဋ္ဌတစ်ဦးအနေနဲ့ ဘာများ မှတ် ချက်ပြုချင်ပါသလဲခင်ဗျ။
ဖြေ။ အဲဒါကတော့ ဒီလိုတော့ရှိ တာပေါ့ဗျာ။ ဗမာပြည်မှာ
က အမြဲတမ်းသုံးတာက လူကို ခင်ရင် မူကိုပြင်တယ်။ လူကိုမုန်း ရင် မူကိုသုံးမှာပေါ့နော်။ အဲဒီပုံစံ မျိုးအရ ပြောရမယ်ဆိုရင်တော့ တကယ်တော့ သာမန်အရပ်သား တွေအတွက်က ဥပဒေနဲ့သုံးပြီး တော့ မလုပ်ဖို့ပေါ့နော်။ ဥပဒေနဲ့ သုံးပြီးတော့ အပြစ်ပေးနေတာပေါ့ နော်။ ဒေးဗစ်လားဆိုရင် ထောင် သုံးလချမှတ်ခြင်းခံရတာ။ ဦးဖြိုး မင်းသိန်းဆိုရင်တော့ ဝန်ကြီးချုပ် အနေနဲ့က သူတို့အဖွဲ့အစည်းသူတို့ နဲ့ပတ်သက်တဲ့ နိုင်ငံတော်အဆင့် ရှိတဲ့အတွက် တမင်လျှော်ပေးတဲ့ သဘောမျိုးတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ကတော့ သတ်မှတ်ထားတဲ့ဥပဒေမှာ ပြည် သူတိုင်း ဒီဥပဒေအောက်မှာနေရ မယ်လို့တော့ ဖြစ်စေချင်တာပေါ့ နော်။ ပြောရမယ်ဆိုရင် မြန်မာပြည် ရဲ့တရားစီရင်ရေးက မမျှတဘူး ဖြစ်နေတာပေါ့နော်။ အဲဒါတော့ ပြောချင်တာပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ ဥပဒေရဲ့အောက်မှာ တချို့ ကရှိတယ်။ တချို့က မရှိဘူးဆိုတဲ့ သဘောပြနေတာပေါ့နော်။ အဲဒီလိုပဲ ကျွန်တော်ပြောချင်တယ်။
မေး။ လာမယ့်ရွေးကောက်ပွဲ နိုင်ငံရေးပါတီတွေကစိုးရိမ်
ပူပန်မှုတွေ အများကြီးရှိပါတယ်။ဒါနဲ့ပတ်သက်ပြီး ပါတီဥက္ကဋ္ဌအနေ နဲ့ ဘာများပြောချင်ပါသလဲခင်ဗျ။
ဖြေ။ နိုင်ငံရေးပါတီတွေကတော့ စိုးရိမ်မှုတွေက အများကြီး၊
ကိုဗစ်ရောဂါထိန်းချုပ်မှုနဲ့ ဥပဒေ နဲ့အညီ အဲဒီအောက်ကပဲ စည်းရုံး လှုံ့ဆော်ရမှာပဲလေ။ အဆင်မပြေ ဘူးလေ။ ပါတီတော်တော်များ များက နိုင်ငံရေးစည်းရုံးဖို့အတွက် ဠသအနမ တွေကို စည်းရုံးဖို့အတွက် အခက်အခဲအများကြီးရှိတယ်။
အဲဒီအခက်အခဲအများကြီးကို ရင် ဆိုင်ကျော်လွှားဖို့ဆိုတော့ ကျွန်တော် တို့က နိုင်ငံရေးစည်းရုံးဖို့စက တည်းက ကျွန်တော်တို့ကရှုံးနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကိုဗစ်ရောဂါကြီးနဲ့၊ အစိုးရဖြစ်သွားတဲ့ ပါတီကြီးက တော့ အစစအရာရာ အများကြီး သာတာပေါ့။ အစစအရာရာအများ ကြီးသာတော့ အခွင့်အရေးလုပ်နိုင် ခြေကလည်းအများကြီးသာတယ်။ နောက်ကျွန်တော်တို့ကလည်းသူတို့ ချမှတ်တဲ့ စည်းမျဉ်းတွေအောက်က ပဲ သွားမှာဆိုတော့ ကျွန်တော်တို့ နိုင်ငံ တို့နိုင်ငံရေး ပါတီအငယ်တွေ ကတော့ မလွယ်ဘူးလို့တော့ထင် တယ်ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့ ကတော့ ပါတီမပျက်ရေး ဝင်ပြိုင် ကြတာပေါ့နော်။
မေး။ လာမယ့်၂ဝ၂ဝရွေးကောက် ပွဲမှာင်္Free and Fair ဖြစ်ဖို့
နိုင်ငံရေးပါတီဥက္ကဋ္ဌအနေနဲ့ ပြည် သူလူထုကို ဘာများသတင်းစကား ပါးချင်ပါသလဲခင်ဗျ။
ဖြေ။Free and Fairဖြစ်ဖို့အတွက်
က အဓိကကတော့ ပြည်
ထောင်စုရွေးကောက်ပွဲကော်မရှင် ပဲဗျ။ ကျွန်တော်တို့ ခဏခဏ ကော်မရှင်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ စာတွေပို့တယ်။ ပေးစာတွေပို့တယ်။ ဒါပေမဲ့ ဘာမှ ဖြစ်လာတာမတွေ့ဘူး။ ကျွန်တော် တို့ ဖြစ်စေချင်တဲ့ ကျွန်တော်တို့ ပါတီတွေရဲ့ ပေးပို့ချက်အပေါ် သူ တန်ပြန်လုပ်ဆောင်ပေးတာ မရှိ ဘူး။ မရှိဘူးဆိုတော့ အခုဆိုရင် မဲစာရင်းတွေ ရပ်ကျေးရုံးက မဲ စာရင်းတွေ သွားပြန်ကြည့်တော့ လည်း အရင်ကာလတုန်းက မှတ်ပုံတင်ရှိမှ မဲပေးရမယ်။ အခု ကျတော့ အသက်ပြည့်ရင် မဲပေးရ မယ်ဆိုတော့ တချို့သော မှတ်ပုံ တင်မရှိသော သူတွေအတွက် အများကြီးသံသယဝင်စရာဖြစ် ရတယ်ပေါ့ဗျာ။ သံသယဖြစ်စရာ တွေ့ရတဲ့အခါကျတော့ ကျွန်တော် ရဲ့ ပါတီဥက္ကဋ္ဌ အမြင်နဲ့ပြောရမယ် ဆိုရင်တော့Free and Fair ဖြစ်ဖို့ က သိပ်တော့မမြင်ဘူးဗျ။ မဲပေး မယ့်သူတွေကတော့ ပါတီကိုကြည့် တာထက် လူပုဂ္ဂိုလ်တွေကိုလည်း ကြည့်ပေါ့။ နောက် တကယ်တမ်း တိုင်းပြည်နဲ့လူမျိုးဘာသာသာသနာ ကြည့်မယ့် လုပ်နိုင်မယ့်သူကို တိုင်း ရင်းသားတွေကိုကြည့်တဲ့ နောက် ကျွန်တော်တို့ မြန်မာနိုင်ငံသား မြန်မာပြည်ရဲ့ ပြည်သူပြည်သားကို အဓိကကြည့်တဲ့ပါတီနဲ့ လူပုဂ္ဂိုလ် တွေကိုပဲ ကြည့်ပါလို့ မဲပေးပါလို့ အဲဒါပြောချင်တယ်ဗျာ။
မေး။ အခု မဲမပေးနဲ့ No Vote ဆိုပြီးတော့ပြောနေကျတာ
လည်းရှိတယ်။ အဲဒီNo Vote လို့ ပြောတဲ့အပေါ်မှာ ဘာများပြော ချင်ပါသလဲခင်ဗျ။
ဖြေ။ အဲဒါ ပြည်သူရဲ့ခံစားချက် ပဲ။ ကျွန်တော်တို့နယ်လှည့်
သွားတဲ့အခါကျတော့ ဧရာဝတီ တိုင်းမှာဆိုရင် မော်လမြိုင်ကျွန်းတို့ ကြံခင်းတို့၊ မကွေးတိုင်းမှာရှိတဲ့ အောင်လံတို့၊ သရက်တို့ ကျွန်တော် တို့ လျှောက်သွားကြည့်တဲ့အခါ ကျတော့No Vote ဆိုတဲ့စကားက ဘယ်သူမှ သပ်ရိုက်တာလည်း မဟုတ်ဘူး။ ပြည်သူတွေက ပြော လာတဲ့စကားဗျ။ ပြည်သူကမဲပေး ရရင် မဲပေးရသော်လည်း ဘာမှ ဖြစ်မလာတဲ့အပေါ် ခံစားချက်နဲ့ ပြောတဲ့စကားလေ။ ပွင့်ပွင့်လင်း လင်းပြောရရင်No Vote စကားက ဘယ်သူမှ သပ်ရိုက်တာလည်း မဟုတ်ဘူး။ မှိုင်းတိုက်တာလည်း မဟုတ်ဘူး။ ပြည်သူတွေရဲ့ ခံစား ချက်ပဲ။
ပြည်သူတွေကို ကျွန်တော် ပြောချင်တာကNo Vote ဆိုတဲ့ ဟာကို မသုံးတော့ဘဲနဲ့ ခုနပြောတဲ့ တိုင်းပြည်နဲ့လူမျိုးကို အဓိကကြည့် တဲ့ပါတီ ပြည်သူ့အကျိုးစီးပွားကို တကယ်လိုလားတဲ့ပါတီ အမျိုး သားအကျိုးစီးပွား ဘာသာရေး သာသနာရေး နောက်ပြီးတော့ ပြည်သူတွေအားလုံးကို ကြည့်တဲ့ တိုင်းရင်းသားတွေကို ကြည့်တဲ့ ပါတီ၊ ပြီးတော့ လူပုဂ္ဂိုလ်တွေကို မဲပေးပါလို့တော့ ပြောချင်တယ်ဗျ။No Vote ဆိုတဲ့နေရာမှာ တခြား ဟာ ကိုယ်မကြိုက်တာကို No Vote လုပ်ပြီးတော့ ကိုယ်ကြိုက်တဲ့ ပါတီကို မဲပေးစေချင်တာပေါ့ဗျာ။ မဲပေးမှသာ တိုင်းပြည်အပြောင်း အလဲက တကယ်ဖြစ်မှာကိုး။ ပြည် သူအားလုံး မဲပေးဖို့လိုတယ်။ ဒါမှ ကျွန်တော်တို့ လိုချင်တဲ့သူက ဖြစ် လာမှာပေါ့နော်။ No Vote No Vote ဆိုရင်တော့ ကိုယ်မဖြစ်စေ ချင်သူ အာဏာရသွားမှာပေါ့နော်။ အဲဒါကျတော့ ဘယ်လိုလုပ်မလဲ။ ဒါ ကြီးလေးတဲ့အန္တရာယ်ပဲ။ No Vote ဆိုတာမပြောဘဲ အမျိုးဘာ သာသာသနာကိုစောင့်ရှောက်တဲ့ တိုင်းပြည်နဲ့လူမျိုးကိုစောင့်ရှောက် တဲ့ တိုင်းရင်းသားအရေးကိုကြည့် တဲ့ပါတီကို ကျွန်တော်တို့ စုပုံပေး ရမယ်။ လူပုဂ္ဂိုလ်ကို စုပုံပေးရ မယ်လေ။
မေး။ နောင်လာမယ့် လွှတ်တော် ကြီး နောင်လာမယ့်အစိုးရ
အဖွဲ့ ဘယ်လိုပုံစံမျိုးဖြစ်စေချင် သလဲဆိုတာရယ် နောင်လာမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ ကိုကော ဘယ်လိုဖြစ်စေချင်သလဲ ခင်ဗျ။
ဖြေ။ ကျွန်တော့်ရဲ့ဆန္ဒ ပြော မယ်ဆိုရင်လွှတ်တော်ထဲမှာ
အရောင်အသွေးစုံတဲ့ ပါတီအစုံ တစ်သီးပုဂ္ဂလ တတ်သိပညာရှင် အကုန်ပါတဲ့ လွှတ်တော်ကြီးဖြစ်စေ ချင်တယ်။ နောက် အဲဒီလွှတ်တော် ထဲမှာလည်း ဒေသအကျိုး တကယ် ကြည့်တဲ့လွှတ်တော်ကိုယ်စားလှယ် တွေပဲ ကျွန်တော်နေရာရစေချင် တယ်။ ပြောရမယ်ဆိုရင် ခိုင်မာ အားကောင်းတဲ့ပြည်ထောင်စုအစိုးရ တစ်ခု ပေါ်ပေါက်စေချင်တာပေါ့။
မေး။ ဆရာ့အနေနဲ့ ဖြည့်စွက် ပြောချင်တာများရှိရင် ပြော
ပြပေးပါခင်ဗျ။
ဖြေ။ ပြောချင်တာက ပြည်သူ တွေကို No Vote မလုပ်
စေချင်ဘူးဗျာ။ တိုင်းပြည်ကို တကယ်ကောင်းအောင်လုပ်ပေး နိုင်တဲ့ ပါတီတစ်ခုကို မဲစုပုံပေး ကြဖို့ ကျွန်တော်ပြောချင်တယ်။ လူပုဂ္ဂိုလ်တစ်ဦးကို မဲစုပုံပေးကြဖို့ ကျွန်တော် ပြောချင်တယ်။ နောက် တစ်ခု ပြည်သူတွေကို မှာချင်တာ ကတော့ ဘယ်အစိုးရဖြစ်ဖြစ် ပြည် သူကတင်တာလေ။ ဒီမိုကရေစီ ခေတ်မှာ အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေက ပြည်သူကိုတကယ် အလုပ်အကျွေးပြုတဲ့သူကို လွှတ် တော်ထဲကိုရောက်အောင်ထည့် ရမယ်။ ပြည်သူကိုအလုပ်အကျွေး ပြုတဲ့ ကိုယ်စားလှယ်ကို လွှတ် တော်ထဲကိုရောက်အောင်ထည့် မှသာလျှင် ပြည်သူလိုချင်တဲ့အစိုးရ ပြည်သူလိုချင်တဲ့ ပါတီတစ်ခု မဲရ မယ်လေဗျာ။ အဲဒါလေးတော့ ကျွန်တော် ပြောချင်ပါတယ်။