images
UN
UN
ဥပဒေဆိုရင် ဒီမိုကရေစီနိုင်ငံမှာ အားလုံးတစ်သားတည်း ဖြစ်နေရမယ် သမ္မတကအစ လိုက်နာနေရမယ် အခွင့်ထူးခံ လူတန်းစားဆိုတာမရှိဘူးလို့ မြင်တယ်
ကိုနေ၊ထက်မြက်အောင် Thursday, 06 August 2020

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ယုံကြည်စိတ်ချရသောအစီအမံများကို ပြည်သူလူထုသို့ အသိပေးရှင်းလင်းရန် နိုင်ငံရေးပါတီများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား တိုက်တွန်းတောင်းဆိုမှုနှင့် ပတ်သက်ပြီး ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီဥက္ကဋ္ဌဦးမင်းမင်းထွန်းအား ပြည်ထောင်စုနေ့စဉ်မှ ဆက်သွယ်မေးမြန်းထားမှုကို ဖော်ပြအပ်ပါသည်။
မေး။ ရွေးကောက်ပွဲ ကော်မရှင် ကို နိုင်ငံရေးပါတီတွေ
အိတ်ဖွင့်ပေးစာပေးပို့တာနဲ့ ပတ် သက်လို့ သဘောထားမှတ်ချက်သိ ချင်ပါတယ်။
ဖြေ။ ဘာလို့လဲဆိုတော့ ရွေး ကောက်ပွဲ ကော်မရှင်က
ရွေးကောက်ပွဲကိစ္စတွေကို ဘာပဲ ပြောပြော ပြည်သူလူထုကို အသိ ပေးရမယ်။ နောက်တစ်ခုကအခုလို ကိုယ်စားလှယ်လောင်းတွေ ဝင် ရောက်ယှဉ်ပြိုင်တဲ့အခါမှာလည်း ကျွန်တော်တို့ လုံလောက်စွာနဲ့ အချိန် ပေါ့နော်။ လုံလောက်စွာ အချိန် လေးတွေကိုလည်း ပေးသင့်တယ် ပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ အခု ကျွန်တော်ရန်ကုန်ကနေ ဒီကို လာပြိုင်တာပေါ့နော်။ ပြိုင်တဲ့အခါ မှာ (၇) ရက်နေ့ တွေ့မယ်ဆိုတော့ ကျွန်တော်အသည်းအသန်လုပ်နေရ တယ်လေ။ အဲဒီလိုအတိုင်းအတာ လေးတွေ အခက်အခဲရှိတယ်။ အမှန်တကယ် နောက်တစ်ခုက ပြည်သူလူထုကို ချပြမယ့်ကိစ္စတွေ က ပွင့်လင်းမြင်သာစွာနဲ့ အချိန် သိသာထင်ရှားစွာပြသဖို့အတွက် သူတို့ ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ရှိတယ်လို့ ကျွန်တော်တို့ ဒါယူဆတယ်လေ။ ဒါကြောင့်မို့ လည်း အဲ့ဒါကိုသဘောတူပြီးတော့ ကျွန်တော်တို့ ကိုယ်တိုင်လည်း အိတ်ဖွင့်ပေးစာ လက်မှတ်ထိုးပြီး တော့ သဘောတူခဲ့တာပါ။
မေး။ ကိုဗစ်ကာလမှာ နိုင်ငံရေး ပါတီတွေ မဲဆွယ်စည်းရုံး
ခွင့်နဲ့ပတ်သက်လို့ ဘာများ ပြော လိုလဲ။
ဖြေ။ ကျွန်တော်ကတော့ ဒီ ကိုဗစ်နဲ့ ပတ်သက်တဲ့ကိစ္စ
ကြီးကိုတော့ ကျွန်တော်က ဥပမာ နိုင်ငံရေးပါတီတွေက ရုံးဖွင့်ရတာ ခက်ခဲတယ်ဗျာ။ နောက်တစ်ခုက ရုံးဖွင့်ပွဲကိစ္စတွေ စည်းရုံးရေးဆင်း တဲ့ကိစ္စတွေမှာ ကိုဗစ်နဲ့ပတ်သက် လို့ နိုင်ငံရေးပါတီတွေကြို>ွခင်းချက် ဆိုတဲ့အချက်မှာထည့်ပေးသင့်တယ် လို့ ကျွန်တော်တို့ယူဆတယ်ဗျာ။ ဘာလို့လဲဆိုတော့နိုင်ငံရေးပါတီတွေ ရဲ့အချိန်ကာလဖြစ်နေပြီလေ။

ရွေး ကောက်ပွဲကို ဖြတ်သန်းမယ့်အချိန် ကာလဖြစ်နေတဲ့အတွက် ရုံးဖွင့် ကြမယ်။ ပါတီတွေ စည်းရုံးကြ မယ်။ မိတ်ဆက်ကြမယ်။ ဒီနေရာ မှာ ကျွန်တော်တို့ အယောက် ၂ဝ လည်း ဖြစ်ချင်ဖြစ်သွားမယ်။ အယောက် ၅ဝ လည်း ဖြစ်ချင်ဖြစ် သွားမယ်။ လူရာကျော်ရင်လည်း ကျော်သွားမယ်။ အဲဒီအပေါ်မှာ ကိုဗစ်ကြီးနဲ့ ထိန်းချုပ်ထားတာ ကတော့ ကျွန်တော်တော့ သဘာဝ မကျဘူးလို့ထင်တယ်လေ။ ဒါ ကြောင့်မို့လို့ ကိုဗစ်နဲ့ ထိန်းချုပ် မယ်ဆိုလည်း တခြားအရာတွေကို ထိန်းချုပ်ပြီးတော့ ဒါကိုြ>ွခင်းချက် အဖြစ် နိုင်ငံရေးပါတီတွေ ရွေး ကောက်ပွဲကာလဖြစ်တဲ့အတွက် ကြောင့် ဒါကိုြ>ွခင်းချက်အဖြစ် ထည့်ပြီး သုံးသပ်ပေးရမယ်လို့ ကျွန်တော်တို့တော့ အဲဒီလိုထင် တယ်ဗျာ။
မေး။ အိတ်ဖွင့် ပေးစာထဲက အချက်(၅)မှာပါတဲ့ ငါး
ယောက်နဲ့အထက် သာမန် ပြည်သူ တွေလူစုဝေးခြင်းကြောင့် အရေး ယူခံရပြီး ဝန်ကြီးချုပ်တစ်ဦးကို အရေးယူခြင်းမရှိတာနဲ့ပတ်သက် လို့ ထောက်ပြထားတာ တွေ့ရ တယ်။ အဲ့ဒါနဲ့ပတ်သက်လို့ သုံး သပ်ပေးပါ။
ဖြေ။ အဲဒါကတော့ ကျွန်တော် ပိုစ့်လေးတစ်ခုတောင်ရေး
သေးတယ်ဗျာ။ ကျွန်တော်တို့ ဒီမို ကရေစီနိုင်ငံသည် ဥပဒေသည် အားလုံး တစ်သားတည်းဖြစ်ရမယ် လေ။ သမ္မတကိုယ်တိုင်ကလည်း နိုင်ငံတော်မှာ ထုတ်ပြန်တဲ့ဥပဒေ ကို သမ္မတကိုယ်တိုင်လည်း လိုက် နာရမယ်လေ။ ကျန်တဲ့လူဆို ဝေး ရော။ ကျွန်တော် ပြောချင်တာ။ သမ္မတကိုယ်တိုင်ကမှ ဒီမိုကရေစီ နိုင်ငံမှာ ထုတ်ပြန်တဲ့ ဥပဒေကို မလိုက်နာဘူးဆိုရင် ဒါ ဒီမိုကရေစီ ကို ချိုးဖောက်တာပဲလို့ မြင်တာပဲ။ ကျွန်တော်တို့လည်း ကြားတယ် လေ။ သားရှင်ပြုလို့ အဖမ်းခံရ တယ်။ မင်္ဂလာဆောင်လို့ အဖမ်း ခံရတယ်။
ဦးဖြိုးမင်းသိန်းက အုပ် စုလိုက်ကြီးနဲ့ ဘုရားသွားဖူးတယ်။ ဝန်ကြီးချုပ်မို့လို့ သတိလေးပေး လိုက်တယ်။ ဒါလေးဟာ ဥပဒေကို ဥပဒေတစ်ခုကို ထုတ်ပြီးတော့ သူ တို့ကိုယ်တိုင်မလိုက်နာဘဲချိုးဖောက် နေသလို ဖြစ်တယ်။ အဲဒါကြောင့် ဒီမိုကရေစီစံနှုန်းနဲ့ မညီဘူးဆိုတဲ့ အကြောင်းလည်း ပြောချင်တယ် လေ။ ဥပဒေဆိုရင် ဒီမိုကရေစီ နိုင်ငံမှာ အားလုံးတစ်သားတည်း ဖြစ်နေရမယ်။ သမ္မတကအစ လိုက်နာနေရမယ်။ အခွင့်ထူးခံ လူ တန်းစားဆိုတာ မရှိဘူးလို့ မြင် တယ်လေ။
မေး။ မဲရုံမှာ မဲပေးရမယ့် အချိန် နဲ့ပတ်သက်လို့ ဘယ်လို
မြင်လဲ။
ဖြေ။ အဲဒီလိုတန်းစီပြီး သွားရ မယ်ဆိုရင်တော့ကျွန်တော်
တို့က လွဲချော်မှုဖြစ်နေမှာပဲလေ။ လုံလောက်မယ်လို့ မထင်ဘူးဗျ။ ကျွန်တော့် မဲရုံဆိုဗျာ။ အခုကျွန် တော် လှိုင်သာယာကနေ မဲစာရင်း ယူလာခဲ့တယ်။ ဥပမာ ပြောရရင် ကျွန်တော်ဟာ မဲရုံ (၈) မှာ ကျ တယ်။ ကျွန်တော့် မဲစာရင်းမပါ ဘူး။ မပါတဲ့အခါမှာ မဲစာရင်းပြန် တောင်းလိုက်တော့ (၁၃ဝ၈) ရ တယ်။ ကျွန်တော့် မဲရုံတစ်ရုံမှာ ၁၃ဝ၈ ယောက်ပေးရမယ်။ အဲဒီ တော့ အဲဒီ ၁၃ဝ၈ ယောက်က တန်းစီရမယ်။ အချိန်အကန့် အသတ်နဲ့နေရမယ်။ လက်ဆေးပြီး တစ်ယောက်ချင်းဝင်မယ်ဆိုရင် တော့ ကျွန်တော်ထင်တယ် မပြီး လောက်ဘူးလို့။ အမှန်တကယ် ရွေးကောက်ပွဲရက်ကိုနှစ်ရက်လောက် ထပ်တိုးပေးရမယ့်သဘောဖြစ် သွားတယ်။ တစ်ရက်တည်းနဲ့မပြီး နိုင်ဘူးလို့ ကျွန်တော်တွေးတာ ပေါ့နော်။ မပြီးနိုင်လို့ မဲရုံပိတ်ချိန် ကျတော့ မပေးရဘူးဆို ဒီလူ အတွက် နစ်နာမှုတွေ အများကြီး ဖြစ်သွားနိုင်တယ်လေ။
မေး။ အဲ့ဒါဆိုရင် လာမယ့် ရွေး ကောက်ပွဲအခြေအနေက
ဘယ်လို ဖြစ်မယ်လို့ ထင်မြင်လဲ။
ဖြေ။ ဒီကိုဗစ်နဲ့ သွားပြီးတော့မှ ကျင်းပတဲ့ ရွေးကောက်ပွဲ
ဆိုရင်တော့ ကျွန်တော်ပြောရင် လည်း ရွေးကောက်ပွဲက တစ်ဖက် သတ်ဆန်တဲ့ရွေးကောက်ပွဲနဲ့ပဲသွား လိမ့်မယ်လို့ ကျွန်တော်တစ်ခါပြော ခဲ့တယ်လေ။ဘာကြောင့်လဲဆိုတော့ မျှတစွာမှန်ကန်တဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့အတွက် ဘာကြောင့်လဲဆို တော့ ဒီကိုဗစ်တွေဖျက်ပေးရမယ်။ နောက်တစ်ခုက ကော်မရှင်တွေက အစ အားလုံးတိတ်တိတ်လေး ရွေး ချယ်ထားပြီးတော့ဆုံးဖြတ်ပေးမယ့် ကော်မရှင်တွေကအစ ပွင့်လင်း မြင်သာစွာမရှိဘဲနဲ့တိတ်တိတ်လေး ရွေးချယ်ပေးထားပြီးတော့ ဒါကြီး ကို ကျင်းပသွားမှာ ဖြစ်တဲ့အတွက် ကြောင့် ကျွန်တော့်အနေနဲ့ ပြောချင် တာကတော့ တစ်ဖက်သတ်ဆန်တဲ့ ရွေးကောက်ပွဲပဲ ဖြစ်သွားလိမ့်မယ် လို့ သတ်မှတ်ပါတယ်။