images
UN
UN
အိမ်နီးချင်းနိုင်ငံများနှင့်ထိစပ်နေသောနယ်စပ်ဒေသများတွင် ထိုင်းစစ်တပ်မှလုံခြုံရေးတာဝန်များကိုရယူမည်
NG Sunday, 02 August 2020

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကမြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ် လျက်ရှိသော နယ်စပ်ဒေသများ တွင် တရားမဝင်ဝင်ရောက်မှုများ ဖြစ်ပေါ်နေခြင်းကို တားဆီးထိန်း ချုပ်ရန်အတွက် ထိုင်းနယ်နိမိတ် အတွင်း၌ လုံခြုံရေးနှင့်ဆိုင်သော အစီအမံများကို ထိုင်းစစ်တပ်မှ တာဝန်ယူဆောင်ရွက်ရန်ညွှန်ကြား ခဲ့ကြောင်းဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
ပရာယွတ်ချန်အိုချာသည်ယမန် နေ့က ထိုင်းကာကွယ်ရေးဝန်ကြီး ရုံးတွင် ထိုင်းစစ်တပ်မှအဆင့်မြင့် အရာရှိကြီးများနှင့်တွေ့ဆုံဆွေးနွေး ခဲ့ရာ၌ အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်လျက်ရှိသော နယ်စပ်ဒေသ များတွင် လုံခြုံရေးနှင့်ဆိုင်သော အစီအစဉ်များကို ထိထိရောက် ရောက်ဆောင်ရွက်နိုင်ရန်အတွက် ထိုင်းစစ်တပ်မှ တာဝန်ယူလုပ် ဆောင်ရန် ညွှန်ကြားခဲ့ခြင်းဖြစ် သည်။ ထိုင်းစစ်တပ်၏ ပြောရေး ဆိုခွင့်ရှိသူဖြစ်သော ဗိုလ်ချုပ်တန် ထရာဝါနစ်ခ်ျက ''ဝန်ကြီးချုပ်က လုံခြုံရေးနဲ့ဆိုင်တဲ့ အစီအစဉ်တွေ ကို ထိုင်းပိုင်နက်ထဲမှာ စနစ်တကျ လုပ်ဆောင်ဖို့ညွှန်ကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း မြန်မာ နဲ့ ကမ္ဘောဒီးယားနယ်စပ်တွေမှာ ထိုင်းနိုင်ငံထဲကို တရားမဝင်ဝင် ရောက်မှုပြုလုပ်တာတွေ မြင့်တက် လာခဲ့ပါတယ်။ ဒါကြောင့် တရား မဝင်ဝင်ရောက်မှုတွေကို တားဆီး နိုင်ဖို့အတွက် ထိုင်းစစ်တပ်က လုံခြုံရေးတာဝန်ယူဖို့ တိုက်တွန်း ခဲ့တာပါ''ဟုပြောသည်။