images
UN
UN
အင်းစိန်မြို့နယ်၌ မုန့်ဆိုင်တဲတွင် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့်သေဆုံး
ဇွဲကို Sunday, 02 August 2020

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်၌ လူမရှိ သည့်မုန့်ဆိုင်တဲတွင် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အင်းစိန်မြို့မရဲစခန်းမှ တာဝန်ရှိသူများသည် အင်းစိန် မြို့နယ် စဥ့်ငူရပ်ကွက် ရွာလယ်လမ်းဘေးရှိ လူမရှိသော မုန့်ဆိုင်တဲ အတွင်း အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သိရသဖြင့် သွား ရောက်ကြည့်ရှုစစ်ဆေးရာ သေဆုံးသူမှာ ယခင် အောက်မင်္ဂလာဒုံလမ်း စဥ့်ငူရပ်ကွက်နေ ဦးဝင်းဘို(ခ)မြင့်နိုင် (၅၅နှစ်)ဖြစ်ပြီး ရပ်ကွက် အတွင်း နေရာအတည်တကျမရှိ နေထိုင်သွားလာနေသူဖြစ်ကာ ၄င်းတွင် ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ဝဲပါး ပေါက်ပြဲ ဒဏ်ရာတစ်ချက်၊ ဝဲချိုစောင်းပေါက်ပြဲဒဏ်ရာ တစ်ချက်တို့ရရှိကာ မုန့်ဆိုင်တဲရှိ ခုံတန်းလျားပေါ်တွင် သေဆုံးနေခြင်းဖြစ်ကြောင်း သိရ သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် အင်းစိန်မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။