images
UN
UN
ပူတာအိုမြို့အတွင်း နေအိမ်နှင့် ဈေးဆိုင်ခန်းများအား လိုက်လံဖောက်ထွင်းခိုးယူနေသူနှစ်ဦး ဖမ်းဆီးရမိ
ဆန်းညွန့်(ပူတာအို) Sunday, 02 August 2020

ကချင်ပြည်နယ် ပူတာအိုမြို့ တွင် ပူတာအိုမြို့မရဲစခန်းမှ နယ် ထိန်းများနှင့်သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ လှည့်ကင်း ဆောင်ရွက်နေစဉ် မြို့အတွင်းရှိ ဆိုင်ခန်းများအားလှည့်လည်ဖောက် ထွင်းခိုးယူသူနှစ်ဦးကို ဖမ်းဆီးရမိ ကြောင်း ပူတာအိုမြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ လွန်ခဲ့သောလ အတွင်း ပူတာအိုမြို့တွင် ဆိုင်ခန်း ဖောက်ထွင်းခိုယူမှုများမကြာခဏ ဖြစ်ပွားနေကြောင်းသိရသဖြင့် နယ် မြေစိုးမိုးရေးအတွက် ပူတာအိုမြို့မ ရဲစခန်းမှ အဖွဲ့ဝင်များသည် ညစဉ် လှည့်ကင်းဝပ်ကင်းများ ဆောင် ရွက်လျက်ရှိရာ ယမန်နေ့ ည ၂ နာရီတွင် မြို့မရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးမဘုခင်၊ ကောင်က ထောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခရီးဇီရင်ထန်တို့ ပူးပေါင်းအဖွဲ့ က လှည့်ကင်းတာဝန်ယူနေစဉ် ကောင်ကထောက်ရပ်ကွက်ဘက်သို့ လမ်းလျှောက်လာသော မသင်္ကာ ဖွယ်လူနှစ်ဦးအား စစ်ဆေးမေး မြန်းရာမှ သက်သေခံပစ္စည်းများ နှင့်အတူဖမ်းဆီးရမိသည်။
အဆိုပါလူနှစ်ဦးအားစစ်ဆေး မေးမြန်ရာ ပူတာအိုမြို့နယ် လုံဂါ ဂေါင်ကျေးရွာနေ ဦးနောရဲဆော့နှင့် ဦးဂီးဒီရဲ့ဆိုသူများဖြစ်ပြီး ဦးနော ရဲဆော့ လွယ်ထားသောအနက် ရောင် PUMA တံဆိပ်ပါလွယ် အိတ်အတွင်းမှ ငွေ ၁၃၆၅ ကျပ်၊ တစ်ထောင်တန်ဖုန်းငွေဖြည့် ကတ် ၁၂ ကတ်ဖောက်ထွင်းခိုးယူရာ တွင် အသုံးပြုသော ပစ္စည်းဟု ယူဆရသည့် ကျောက်လက်အကြီး တစ်လက်နှင့် ခေါင်းပတ်ဓာတ်မီး တစ်လက်၊ ဦးဂီးဒီရဲ့လွယ်ထား သောလွယ်အိတ်အတွင်းမှ ပလာယာ တစ်လက်နှင့် ဆိုင်ကယ်စီးမိုးကာ အနီတစ်ထည်တို့ကိုတွေ့ရပြီး ပိုင် ဆိုင်ကြောင်းအထောက်အထား မပြောပြနိုင်သည့်အပြင် ဈေးဆိုင် များမှခိုးယူသည်ဟု မသင်္ကာဖွယ် တွေ့ရသဖြင့် သက်သေများရှေ့ တွင် ရှာဖွေပုံစံရေးသွင်းသိမ်း ဆည်းခဲ့ကြောင်း သိရသည်။
ယင်းအမှုနှင့်ပတ်သက်၍ ဒု-ရဲအုပ်သိန်းထူးအောင် ဦးစီးသည့် နယ်ထိန်းတပ်ဖွဲ့ဝင်များက ဆက် လက်စစ်ဆေးဖော်ထုတ်ရာ ၄င်း တို့နှစ်ဦး ဖောက်ထွင်းခိုးယူခဲ့သော ပူတာအိုမြို့ပေါ် ဈေးဆိုင်ခန်း ခြောက်ဆိုင်နှင့် မုဒုံ(၁)ကျေးရွာမှ ဈေးဆိုင်တစ်ဆိုင်တို့မှခိုးယူခဲ့သော သက်သေခံပစ္စည်းများ၊ မချမ်း ဘော့မြို့နယ် ငွါးဇာခါးကျေးရွာနှင့် ကောင်းမှုလုံကျေးရွာရှိ ဆိုင်ကယ် ပြင်ဆိုင်/ဝပ်ရှော့ဆိုင်များမှ ဆိုင် ကယ်အင်ဂျင် ရှေ့ဟက်နှစ်လုံး၊ ကာပရိုက်တာတစ်စုံ၊ ရှေ့နောက် သော့နှစ်စုံ၊ ချိန်းစပေါ့ကတ်ခြောက် စုံ၊ ကျောက်လက်ငါးချောင်း၊ အင်ဂျင်ဝိုင်နှစ်ဘူး၊ ဆိုင်ကယ်ကျွတ် နှစ်ခုစသည့်သက်သေခံပစ္စည်းတို့ ကိုထပ်မံသိမ်းဆည်းရမိသဖြင့် ဒု-ရဲအုပ်သိန်းထူးအောင်တရားလိုပြု လုပ်၍ လုံဂါဂေါင်ကျေးရွာနေ ဦးနောရဲဆော့(၂၄နှစ်)နှင့် ဦးဂီးဒီ ရဲ့(၂၁နှစ်)တို့အား နေအိမ်အတွင်း ဖောက်ထွင်းခိုးယူမှု ရာဇသတ်ကြီး ပုဒ်မ (၃၈ဝ)/ကျင့်(၅၄) အရအမှု ဖွင့်အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။