images
UN
UN
(၁၃)ကြိမ်မြောက် ရန်ကုန်-စင်ကာပူ-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်အား ယခုလ ၁၁ ရက်တွင် ထပ်မံပြေးဆွဲပေးမည်
မိုးယံ Sunday, 02 August 2020

မြန်မာအမျိုးသားလေကြောင်း (MNA)အနေနှင့် ယခုကိုရိုနာဗိုင်း ရပ်စ်ရောဂါCOVID-19 ကူးစက် ကာလအတွင်း မြန်မာနိုင်ငံ ရန်ကုန် မြို့နှင့် စင်ကာပူနိုင်ငံအကြား ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ် (Relief Flight) များကို ယခုလ ၁၁ ရက်တွင် ထပ်မံပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-စင်ကာပူ၊ စင်ကာပူ-ရန်ကုန်ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်များ ထပ်မံပျံသန်းပြေးဆွဲ ရန် စီစဉ်ထားခြင်းဖြစ်ပြီး နေရပ် သို့ပြန်လိုကြသော မြန်မာနိုင်ငံသား များနှင့် စင်ကာပူနိုင်ငံသို့ အရေး ကြီးကိစ္စရပ်များဖြင့် သွားရောက်လို သူများအတွက် အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ (၁၃) ကြိမ် မြောက် ရန်ကုန်-စင်ကာပူ-ရန်ကုန်ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်အား ပျံသန်းပြေးဆွဲရန် စီစဉ်ရခြင်းဖြစ်ကြောင်း မြန်မာ အမျိုးသားလေကြောင်း(MNA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ ပျံသန်းပြေးဆွဲရာတွင် ရန်ကုန်-စင်ကာပူRelief Flight သည် ယခုလ ၁၁ ရက် နံနက် ၉ နာရီခွဲတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာ မည်ဖြစ်ပြီး စင်ကာပူ-ရန်ကုန်Relief Flight မှာလည်း ယခုလ ၁၁ ရက် မွန်းလွဲ ၃ နာရီ ခွဲတွင် စင်ကာပူနိုင်ငံမှ စတင်ထွက်ခွာ မည်ဖြစ်ကြောင်း၊ အဆိုပါ ကယ် ဆယ်ရေးလေယာဉ်ခရီးစဉ်များ ဖြစ်မြောက်ရေးအတွက် မြန်မာ အမျိုးသားလေကြောင်း(MNA)နှင့် အတူ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး နှင့် ရန်ကုန်မြို့ရှိ စင်ကာပူသံရုံးတို့ မှလည်း ပူးပေါင်းကူညီဆောင် ရွက်ကြကြောင်း သိရသည်။
ယင်း Relief Flight များတွင် သက်ဆိုင်ရာအာဏာပိုင်များက စစ်ဆေးဆောင်ရွက်ပြီး ခွင့်ပြုသူ များကိုသာ ကန့်သတ်ထားသော ခရီးသည်အရေအတွက်အတိုင်း လိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း လေယာဉ်လက်မှတ်ဝယ်ယူလိုသူ များနှင့်အသေးစိတ်အချက်အလက် သိရှိလိုသူများသည် ဖုန်းနံပါတ် ၆၂၃၈၈၆ဝ၃၊ ၉၂၇ဝ၇ဝ၅၈ နှင့် အီးမေးလ်လိပ်စာflymna @disc overtheworld.com.sgတို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရ သည်။
ထို့အပြင် မြန်မာအမျိုးသား လေကြောင်း(MNA)မှ ထပ်မံပြေး ဆွဲပေးမည့် ကယ်ဆယ်ရေးလေ ယာဉ်ခရီးစဉ်များအတွက်လည်း သက်ဆိုင်ရာ အစိုးရဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိရာ အတည်ပြုချက်များရရှိပါက ထပ် မံအသိပေးကြေညာသွားမည်ဖြစ် ကြောင်း သိရသည်။