images
UN
UN
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ မရှိ ဆိုသည်ကို တစ်နာရီအတွင်း အဖြေထုတ်ပေးမည့် နည်းပညာသစ်အား စမ်းသပ်မည်
Sunday, 02 August 2020

ဗြိတိန်နိုင်ငံအတွင်းရှိအောက်စ်ဖို့ဒ်တက္ကသိုလ် မှ ပညာရှင်များသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက် ခံရခြင်း ရှိ မရှိဆိုသည်ကို တစ်နာရီအတွင်း အဖြေထုတ်ပေးမည့် နည်းပညာသစ်အား စမ်း သပ်ရန်စီစဉ်လျက်ရှိကြောင်း ဒေးလီးမေးလ် သတင်းဌာနကဖော်ပြသည်။
အဆိုပါစနစ်အား မှတ်Óဏ်တုနည်းပညာ ကို အခြေခံတည်ဆောက်ခဲ့ခြင်းဖြစ်ကာ စစ် ဆေးမှုပြုလုပ်သူ၏ ပြင်ပလက္ခဏာများနှင့် သွေးစစ်မှုမှတ်တမ်းအား အခြေခံကာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ မရှိဆိုသည်ကို အဖြေထုတ်ပေးရန်ဖန်တီးထားခြင်းဖြစ်သည်။ နောက်ဆုံးပြုလုပ်ခဲ့သည့် လေ့လာမှုများအရ အဆိုပါစနစ်ဖြင့် စမ်းသပ်မှုသည် ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခံရခြင်း ရှိ မရှိဆိုသည်ကို ရာ ခိုင်နှုန်း ၉ဝ ခန့် မှန်ကန်သည်အထိ စွမ်းဆောင် နိုင်ကြောင်းတွေ့ရှိထားသည်။ အဆိုပါနည်း ပညာအား လူအများအပြားအား လက်တွေ့ စမ်းသပ်မှုပြုလုပ်ကာ မှန်ကန်မှုရာခိုင်နှုန်းအား ထပ်မံအတည်ပြုပြီးနောက် လက်တွေ့အသုံး ပြုနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ မရှိဆိုသည်ကို နှာခေါင်းနှင့် လည်ချောင်းမှရယူသော နမူနာ များအား စစ်ဆေးအတည်ပြုသည့် လက်ရှိ နည်းလမ်းများသည် အဖြေရရှိရန်အတွက် ၁၂ နာရီမှ ၄၈ နာရီအထိ ကြာမြင့်သောကြောင့် ကြာချိန်လျှော့ချနိုင်ရန်အတွက် အဆိုပါစနစ် အား စမ်းသပ်နေခြင်းဖြစ်သည်။
NG (Ref; Dailymail)