images
UN
UN
ကန့်သတ်တားမြစ်ချက်များအား လျှော့ချပေးရန်အတွက် ဆန္ဒပြတောင်းဆို
Sunday, 02 August 2020

ဂျာမနီနိုင်ငံမြို့တော် ဘာလင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွား မှုများကို တားဆီးထိန်းချုပ်ရန်အတွက် ချမှတ်ထားသော ကန့်သတ်တား မြစ်ချက်များအား ဖယ်ရှားပေးရန် တောင်းဆိုသည့် ဆန္ဒပြမှုများဖြစ်ပွား လျက်ရှိကြောင်း ရုရှားတိုင်းမ်သတင်းဌာနကဖော်ပြသည်။
ဆန္ဒပြသူများက ''ကပ်ရောဂါအဆုံးသတ်ချိန်နှင့် လွတ်လပ်မှုရှိသည့် နေ့ရက်များပိုင်ဆိုင်ရေး''ဆိုသော စာတန်းများရေးသားထားသည့် ဆိုင်း ဘုတ်များကိုကိုင်ဆောင်၍ ဆန္ဒပြမှုများပြုလုပ်ခဲ့ကာ ဆန္ဒပြသူဦးရေ သောင်းနှင့်ချီ၍ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေမြင့်တက် လာခြင်းကြောင့် ဂျာမနီအစိုးရသည် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ ပြန် လည်ချမှတ်ရန် စဉ်းစားနေချိန်တွင် ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုမှုများ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ချမှတ်ထားသည့်ကန့်သတ်ထိန်းချုပ်မှု များထဲ၌ အများပြည်သူနှင့်ဆိုင်သောနေရာများတွင် နှာခေါင်းစည်းများ တပ်ဆင်ရမှုအပါအဝင် လူစုလူဝေးမဖြစ်စေရန် ရည်ရွယ်သောကန့်သတ် ချက်များပါဝင်လျက်ရှိသည်။
NG (Ref;RT)