images
UN
UN
ဒေါ်နယ်ထရန့်အား သမ္မတလောင်းအဖြစ် အတည်ပြုရာတွင် မီဒီယာများတက်ရောက်ခွင့်ရမည်မဟုတ်
Sunday, 02 August 2020

ယခုနှစ်အတွင်းကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဒေါ်နယ်ထရန့်အား ရီပတ်ဘလစ်ကန်ပါတီကို ကိုယ်စားပြုမည့်သမ္မတလောင်းအဖြစ် အတည်ပြုမည့်အခမ်းအနားတွင် မီဒီယာများအား တက်ရောက်ခွင့်မပြုရန် ဆုံးဖြတ်ခဲ့ သည်ဟု ရီပတ်ဘလစ်ကန်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူကပြောသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုများအား တားဆီးထိန်းချုပ်ရန်ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များကြောင့် လူစုလူဝေးမဖြစ်စေရန်အတွက် မီဒီယာများအား တက်ရောက်ခွင့်မပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယခုလ ၂၄ ရက်တွင် ဒေါ်နယ်ထရန့်အား ရီပတ်ဘလစ်ကန် ပါတီ၏ နယ်မြေအလိုက်တာဝန်ရှိသူများက ပါတီကို ကိုယ်စားပြုမည့် ကိုယ်စားလှယ် လောင်းအဖြစ် တရားဝင်အတည်ပြုရွေးချယ်ပေးမည်ဖြစ်ကာ မဲဆွယ်စည်းရုံးမှုများစတင် လုပ်ဆောင်နိုင်ရန်အတွက် သမ္မတလောင်းအဖြစ် တရားဝင်အတည်ပြုပေးခြင်းဖြစ်သည်။
NG (Ref;AP)