images
UN
UN
ချက်အရက် အဆိပ်သင့်မှုကြောင့် ၈၆ ဦးသေဆုံး
Sunday, 02 August 2020

အိန္ဒိယနိုင်ငံပန်ဂျပ်ပြည်နယ်အတွင်း၌ ချက်အရက်သောက်သုံးသူများ အဆိပ်သင့် မှုဖြစ်ပွားခဲ့ခြင်းကြောင့် ၈၆ ဦးသေဆုံးခဲ့ ကြောင်းဘီဘီစီသတင်းဌာနကဖော်ပြသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ပန်ဂျပ်ပြည်နယ်အတွင်း၌ အရက်သောက် သုံးပြီးနောက် သေဆုံးမှုများဖြစ်ပေါ်နေ ကြောင်း သတင်းရရှိခဲ့ပြီးနောက်တွင် ရဲ တပ်ဖွဲ့ဝင်များက အရက်မှောင်ခိုရောင်းချ သည့်နေရာ ၁ဝဝ ခန့်အား ဝင်ရောက်စီးနင်း မှုများပြုလုပ်ပြီးနောက် သေဆုံးမှုဖြစ်ပေါ် စေခဲ့သည့် အရက်ရောင်းချသူ ၂၅ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အဆိပ်သင့်ကာ သေဆုံးမှုဖြစ်ပွားစေခဲ့သည့် အရက်ရောင်း ချသူများကိုတရားစွဲဆိုသွားမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံအတွင်းရှိ ကျေးလက်ဒေသ များတွင် ဈေးနှုန်းကြီးမြင့်သည့် တရားဝင် အရက်များကိုမသောက်သုံးနိုင်ခြင်းကြောင့် တရားမဝင်ချက်လုပ်သည့်အရက်များကို သောက်သုံးမှုမြင့်မားနေဆဲဖြစ်သည်။
NG (Ref;BBC)