လူစီးမော်တော်ယာဉ်တင်သွင်းမှု အကောက်ခွန်နှုန်းများဖြေလျှော့
မောင်ပြည်သူ(မန္တလေး)
Sunday, 02 August 2020
COVID-19 ရောဂါကြောင့်ဖြစ်ပေါ်နေသော စီးပွားရေးကျ ဆင်းမှုကို ကုစားသည့်အနေဖြင့် အခွန်ကောက်ခံလျက်ရှိသော လူစီး မော်တော်ယာဉ်များအတွက် အင်ဂျင်ပါဝါ 2000CC အောက်ကို လက်ရှိ အခွန်နှုန်း ရာခိုင်နှုန်း ၃ဝ မှရာခိုင်နှုန်း ၂ဝ သို့လည်းကောင်း၊ အင်ဂျင်ပါဝါ 2001 CC နှင့် အထက်ကိုလက်ရှိ အကောက်ခွန်နှုန်း ရာခိုင်နှုန်း၎ဝမှ ရာခိုင်နှုန်း ၃ဝ သို့လည်းကောင်း၊SKD စနစ် ဖြင့်တင် သွင်းသော မော်တော်ယာဉ်များအတွက် အင်ဂျင်ပါဝါ2000 CC နှင့် အောက်ကိုလက်ရှိ အကောက်ခွန်နှုန်း ၁ဝ ရာခိုင်နှုန်းမှ သုညရာခိုင်နှုန်း သို့လည်းကောင်း၊ အင်ဂျင်ပါဝါ 2000 CC နှင့် အထက်ကို လက်ရှိ အကောက်ခွန်နှုန်းရာခိုင်နှုန်း ၂ဝ မှ ငါးရာခိုင်နှုန်းသို့လည်းကောင်း ယခုလ ၁ ရက်မှစတင်၍ ဖြေလျှော့ခွင့်ပြုမည်ဖြစ်ကြောင်း အကောက် ခွန်ဦးစီးဌာနက အသိပေးကြေညာထားသည်။
မန္တလေးမဟာအောင်မြေမြို့နယ် ပြည်ကြီးမျက်ရှင်ယာဉ်ရောင်း ဝယ်ရေးစခန်းကားဈေးကွက်နှင့် မော်တော်ယာဉ်အသစ်များရောင်း ချသည့်ကုမ္ပဏီများတွင် အမြင့်ကားများ ဈေးအနည်းငယ်ကျဆင်း လာနိုင်ကြောင်း သုံးသပ်ကြပြီး အမြင့်ကားများ အရောင်းအဝယ် အေးကာငွေကျပ်သိန်း ၁၅ဝ ကျော် ဝန်းကျင်ကားများသာ အရောင်း အဝယ်ရှိကြောင်း သိရသည်။