images
UN
UN
ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်၍ ဆိုင်ကယ်နောက်မှ စီးနင်းလိုက်ပါလာသူ သေဆုံးမှုဖြစ်ပွား
စောဦး(ရတနာမြေ) Sunday, 02 August 2020

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် နမ္မတူမြို့နယ် ပန် ဟိုက်ရပ်ကွက် (၈)ရှိ 'ကျော်' ပန့် ဆီဆိုင်အနီး ဗိုလ်ချုပ်လမ်းမပေါ် တွင်ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက လေးလုံးထိုး (အပြာရောင်) ယာဉ် နှင့် ဆိုင်ကယ်လမ်းကွေ့တွင် ရုတ် တရက်တွေ့ကာ ဆိုင်ကယ်ဘရိတ် အုပ်စဉ် အရှိန်မထိန်းနိုင်ဘဲ ဘေး တိုက်ဆွဲတိမ်းမှောက်၍ ဆိုင်ကယ် နောက်မှ စီးနင်းလိုက်ပါသူပွဲချင်း ပြီးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိ ရသည်။
ဖြစ်စဉ်မှာ ယမန်နေ့မွန်းလွဲ ၂နာရီခွဲက ပန်ဟိုက်ရပ်ကွက် (၈) အနီးရှိ ဗိုလ်ချုပ်လမ်းမပေါ်တွင် ဗြုံးကျင်းမှဗြုံးအုတ်များတင်ဆောင် ၍ မြို့ထဲသို့ ယာဉ်မောင်း ဦးရွှေလှ မောင်းနှင်လာသော လေးလုံးထိုး (အပြာရောင်)ယာဉ်နှင့် မြို့ထဲမှ လီ ဆူးကုန်းသို့အပြန် အထွန်းမောင်း နှင်ပြီး အိုက်ပေါင်းနောက်မှ စီးနင်း လိုက်ပါလာသောYINXIANG-125 နက်နီရောင် ဆိုင်ကယ်တို့ ပန်ဟိုက်ရပ်ကွက်(၈)ရှိ 'ကျော်' ပန့်ဆီဆိုင်အနီး ဗိုလ်ချုပ်လမ်းပေါ် ရှိ လမ်းကွေ့တွင် ရုတ်တရက်တွေ့ ကာ ဆိုင်ကယ်ဘရိတ်အုပ်စဉ် အရှိန် မထိန်းနိုင်ဘဲ ဘေးတိုက်လဲကျကာ ခြောက်ပေခန့်လမ်းမပေါ်သို့တရွတ် တိုက်လျှောပါသွားပြီး ဆိုင်ကယ် နောက်က စီးနင်းလိုက်ပါသူ အိုက် ပေါင်းမှာ ယာဉ်မောင်းဦးရွှေလှ မောင်းနှင်လာသော လေးလုံးထိုး (အပြာရောင်)ယာဉ် နောက်ဘီးဖြင့် ကြိတ်မိကာ ဦးခေါင်းချိုစောင်းကွဲ အက်ဒဏ်ရာ ဦးနှောက်အနည်း ငယ်ထွက်၊ ဝဲလက်မောင်းပေါက်ပြဲ ဒဏ်ရာအနည်းငယ်ရရှိကာ အခင်း ဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ သဖြင့် မြန်မာနိုင်ငံလူမှုကယ် ဆယ် ရေးအသင်း(နမ္မတူ)မှ လူနာတင် ယာဉ်ဖြင့် နမ္မတူမြို့နယ် ပြည်သူ့ ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက် ၍ ယာဉ်ကိုမဆင်မခြင်မောင်းနှင် ကာ လူ့အသက်ကိုသေစေ၍ ဒဏ် ရာများရရှိစေသူယာဉ်မောင်း ဦးရွှေ လှအား နမ္မတူမြို့နယ် မြို့မရဲစခန်းမှ ဥပဒေအရအရေးယူဆောင်ရွက်ထား ရှိကြောင်း သိရသည်။