images
UN
UN
ရေနံချောင်းမြို့နယ်၌ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာမှ သုံးဦးဒဏ်ရာရ
ဆန်းညွန့်(ရေနံချောင်း) Sunday, 02 August 2020

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ဖိုးကိုး-သပွတ်စု ကျေးရွာကျေးလက်ဖွံ့ဖြိုးရေးမြေသားလမ်းတွင် ဆိုင်ကယ်နှစ်စီးမျက် နှာချင်းဆိုင်တိုက်မိရာ လူသုံးဦးဒဏ်ရာရရှိခဲ့ကြောင်း လက်မှတ်ကုန်း နယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၉နာရီခွဲခန့်က ရေနံချောင်းမြို့ လက် မှတ်ကုန်းနယ်မြေရဲစခန်းမှူး ရဲအုပ်မိုးညိုသည်သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဖိုးကိုး-သပွတ်စုကျေးရွာ ကျေးလက်ဖွံ့ဖြိုး ရေးမြေသားလမ်းအတိုင်းအောင်ကိုမြင့်၊ ဖိုးကိုးကျေးရွာနေသူမောင်း နှင်လာသောKENBO 10 နံပါတ်မပါလိုင်စင်စိစစ်ဆဲနှင့် မျက်နှာ ချင်းဆိုင်မှတစ်ရွာတည်းနေ ကျော်စိုးလင်း(ခ)ချစ်ကောင်းမောင်းနှင်ပြီး နောက်ထိုင်အဖြစ် အောင်ထူးစံအား တင်ဆောင်မောင်းနှင်လာသော NEWZHl-NENG-125 ၅၃/----အပြာ၊ အနက်ရောင်(လိုင်စင်စိစစ် ဆဲ)တို့သည် ဖိုးကိုးကျေးရွာရှိ သုသာန်အနီးအကွေ့တွင် အရှိန်မထိန်း နိုင်ဘဲမျက်နှာချင်းဆိုင် တိုက်မိခဲ့သဖြင့် အောင်ကိုမြင့်၊ ကျော်စိုး လင်း(ခ)ချစ်ကောင်း၊ အောင်ထူးစံလွင်တို့ ဒဏ်ရာအသီးသီးရရှိခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ရေနံချောင်းမြို့ လက်မှတ်ကုန်းနယ်မြေ ရဲစခန်းမှယာဉ်(ပ)၃/၂ဝ၂ဝ၊ရာဇသတ်ကြီးပုဒ်မ ၃၃၇ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။