images
UN
UN
ဟီရိုရှီးမားနေ့
အောင်ကြည်ညွန့်(တက္ကသိုလ်) Sunday, 02 August 2020

ဟီရိုရှီးမားနေ့သည် ဂျပန်နိုင်ငံတောင် ပိုင်းရှိ ဟီရိုရှီးမားမြို့ပေါ်သို့ ၁၉၄၅ခုနှစ် သြဂုတ်လ ၆ရက်နေ့တွင် အဏုမြူဗုံး ချလိုက်သောကြောင့် လူပေါင်းသိန်းနှင့် ချီ၍ သေရသောနေ့ဖြစ်သည်။
ကမ္ဘာ၏ အရက်စက်ဆုံးနှင့် အယုတ် မာဆုံးလူသတ်ပွဲကြီး အမေရိကန်တို့ ကြီး နိုင်ငယ်ညှဉ်းလုပ်ရပ်ကြီးတစ်ခု ကမ္ဘာ့ လူမဆန်သော စစ်ပွဲကြီးဖြစ်ပေသည်။
အမေရိကန်တို့သည် မည်မျှရက်စက် ပြီး အငြိုးအတေးကြီးသည်ကို ပိုမိုပေါ် လွင်စေသောလုပ်ရပ်မှာ နောက်နှစ်ရက် အကြာ နာဂါစကီမြို့ကိုပါ အဏုမြူဗုံးချခဲ့ ပြန်ပါသည်။ လက်နက်အားကိုးနှင့် အမျိုး မျိုးနှိပ်စက်တတ်သော လူမျိုးပါလားဟု မှတ်ချက်ချမိသည်။
ဟီရိုရှီးမားကို စာရေးသူအလယ်တန်း ကျောင်းသားအရွယ်ကပင် ရင်းနှီးနေခဲ့ပါ သည်။ စာရေးသူ၏အဘိုးနှင့်ရင်းနှီးသော အလွတ်ပညာသင်ကျောင်းအုပ်ဆရာကြီး ဦးသံဗျင်သည် ၁၉၅၈ခုနှစ်က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့၌ ကျင်းပသော ကမ္ဘာ့ ငြိမ်းချမ်းရေးညီလာခံကိုတက်ရောက်ခွင့် ရခဲ့သည်။ ဆရာကြီး ဦးသံဗျင်မှာ ပမညတနိုင်ငံရေးအဖွဲ့၏ သဘာပတိအဖွဲ့ ဝင်တစ်ဦးလည်းဖြစ်သည်။
ထိုနှစ်က ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံသို့ ဆရာကြီးဦးသံဗျင်အပါအဝင် စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေး၊ သတင်းစာဆရာကြီး အောင်ဗလ၊ (ကြေးမုံဦးသောင်း)တို့ပါဝင်ကြောင်း သိရသည်။ အခြားအဖွဲ့ဝင် ငါးဦးကို မမှတ်မိတော့ပေ။ နိုင်ငံတော်အစိုးရစရိတ် ဖြင့် စေလွှတ်ခြင်းဖြစ်ပါသည်။
စာရေးသူ၏စိတ်အစဉ်တွင်ဟီရိုရှီးမား အဏုမြူဗုံးကြောင့် သိန်းနှင့်ချီ၍ သေသော ဂျပန်လူမျိုးများ အမေရိကန်၏ ဗိုလ်ကျ စိုးမိုးရေးဝါဒစသည်တို့ လွှမ်းမိုးနေရာယူ ခဲ့သည်။ ဟီရိုရှီးမားနှင့် နာဂါစကီမြို့တို့ ကို စာတွေ့ဖြင့် လေ့လာကြည့်မိသည်။
ဟီရိုရှီးမားနှင့် ပဋ္ဌာန်းဆက်ရှိ၍ပေ လောမပြောတတ်ပါ။ စာရေးသူသည် ၁၉၈၂ခုနှစ်က ဂျပန်နိုင်ငံသို့ လုပ်ငန်းခွင် မှ ပညာရေးရုပ်မြင်သံကြားထုတ်လုပ် ရေး နည်းပညာလေ့လာဆည်းပူးသင် ကြားရန် စေလွှတ်ခြင်းခံရပါသည်။
သင်တန်းနောက်ဆုံးလတွင် ဂျပန် နိုင်ငံရှိ ကျွန်ကြီး သုံးကျွန်း၊ မြို့ကြီးများ၊ TV Station များကို လေ့လာရေးခရီး ထွက်ရမည်ဟု သိရသဖြင့် ဝမ်းသာသွား ပါသည်။ ဂျပန်ပြည်တွင် မဟာဘွဲ့၊ ပါရဂူ ဘွဲ့သင်တန်းတက်နေသော မိတ်ဆွေ သူငယ်ချင်းများက တို့လေးငါးနှစ်ပညာ သင်ရတာတောင် ဒီခရီးစဉ်မျိုးမသွားနိုင် ဘူး။ ဒီခရီးစဉ်ဆိုလျှင် ဂျပန်ယန်းငွေ တစ်ယောက်ကို သုံးသိန်း လေးသိန်း လောက်ကုန်သည်ဟု ပြောပြကြပါသည်။
အဆိုပါ လေ့လာရေးခရီးစဉ်တွင် ဂျပန်ပြည် မြောက်ပိုင်း 'ဟိုကိုင်းဒိုး' ကျွန်းမှ 'အိုကီဟီးရိုး'မြို့ 'ဆပ်ပိုးရိုး' မြို့တို့သို့ ရောက်ခဲ့ပါသည်။ ရုရှားပြည် နယ်စပ်ကျွန်းဖြစ်သည်။
ဂျပန်နိုင်ငံ၏ ကျိုတို၊ နာရာ၊ အိုစကာ စသည့် နာမည်ကြီး မြို့ကြီးများ ရောက် သည်။
ပထမဦးဆုံး ခရီးစဉ်မှာ ဂျပန်ပြည် တောင်ပိုင်း ကျူရှူးကျွန်းတွင်ရှိသော ဟီရိုရှီးမားမြို့သို့ တိုကျိုမြို့မှ 'ရှင်ကန် ဆင်' ကျည်ဆန်ရထားဖြင့် သွားရောက် ခဲ့ရသည်။
ဟီရိုရှီးမားမြို့သည် ဂျပန်ပြည်မှ မြစ် ငယ် ခုနစ်သွယ် စီးဝင်သော အိုတာမြစ် ကမ်းပေါ်တွင်တည်ရှိပြီး အနောက် မြောက်ဘက်နှင့် အရှေ့ဘက်တို့၌ တောင် ကုန်းများ ဝိုင်းရံလျက်ရှိ၏။ မြို့၏ တောင် ဘက်တွင် ဆက်တိုပင်လယ်ကွေ့ရှိသည်။
ဟီရိုရှီးမားမြို့ကို အဏုမြူဗုံးချစဉ် တစ်မြို့လုံးရှိ အဆောက်အအုံများ မီး လောင်ပျက်စီးဆုံးရှုံးသွားသော်လည်း လိပ်ခုံးပုံသဏ္ဌာန်အဆောက်အအုံတစ်ခု သာကျန်ခဲ့သည်။ ထိုနေရာကို ငြိမ်းချမ်း ရေးရင်ပြင်နှင့် ပန်းခြံလုပ်ထားပေးသည်။ ငြိမ်းချမ်းရေးအတွက် ထာဝရမီးရှူးတိုင် ကို ထွန်းညှိပေးထားသည်။
စာရေးသူသည် စိတ်မကောင်းစွာ ဖြင့် ကမ္ဘာပေါ်တွင် နောက်ထပ်ဤအဖြစ် မျိုးနှင့် မကြုံတွေ့ကြပါစေနှင့်ဟု ဆု တောင်းမိပါသည်။

ရင်ပြင်၏ တစ်ဖက်တစ်ချက်တွင် ဟီရိုရှီးမား ပြတိုက်ရှိသည်။ ၁၉၄၅ခုနှစ် သြဂုတ်လ ၆ရက်နေ့က အနိဋ္ဌာရုံများ ပြ သထားသည်။
၁၉၃၉ခုနှစ်မှစခဲ့သော ဒုတိယကမ္ဘာ စစ်ကြီးတွင် ဖက်ဆစ်ဝါဒီများဖြစ်သော ဂျာမနီ၊ အီတလီ၊ ဂျပန်တို့ကို အမေရိ ကန်ခေါင်းဆောင်သော မဟာမိတ်တို့ ဝိုင်း ဝန်းတိုက်ခိုက်ကြလေသည်။
၁၉၄၅ခုနှစ် ရောက်သောအခါ ဂျာမနီ နှင့် အီတလီတို့ခုခံမှု လျော့ကျပြီး လက် နက်ချကြသည်။ ဂျပန်တို့က လက်နက် မချဘဲ ခေါင်းမာနေသည်။ ထိုသို့ ခေါင်း မာနေသော ဂျပန်တို့အား မျိုးဖြုတ်ရန် အမေရိကန်အစိုးရက အဏုမြူဗုံးသုံးရန် ဆုံးဖြတ်လိုက်သည်။
၁၉၄၅ခုနှစ် သြဂုတ်လ ၆ရက်နေ့ (တနင်္လာနေ့)တွင် အမေရိကန်တို့က ဟီရို ရှီးမားမြို့ပေါ်သို့ အဏုမြူဗုံးကြဲချခဲ့လေ သည်။
ထိုနေ့တွင် ပစိဖိတ်သမုဒ္ဒရာတွင်းရှိ ၅ဝ၉ ဗုံးကြဲလေယာဉ်ပျံစခန်းမှB-29 ဗုံးကြဲလေယာဉ်ကြီးသည် အခြားလေ ယာဉ်နှစ်စင်းနှင့်အတူ နံနက် ၂နာရီခွဲတွင် ထွက်ခွာလာခဲ့သည်။ နံနက် ၈နာရီ ၉ မိနစ်တွင် ဟီရိုရှီးမားမြို့ပေါ်သို့ ရောက်ရှိ ပြီး ၈နာရီ ၁၅မိနစ်၁၇စက္ကန့်တွင်ြ-၂၉ လေယာဉ်ကြီး၏ ဝမ်းဗိုက်ထဲမှ 'အီနိုလာ ဂေး'အမည်ရှိအလျား ၁၅ပေ လုံးပတ် ငါးပေ ပေါင်ချိန် တစ်သောင်းရှိသော အဏုမြူဗုံးကို ကမ္ဘာလူသားတို့ ထံ ပစ်ချဗုံးကြဲလိုက်ပါသည်။
စြာ<ွကင်း။ ပထမဦးဆုံး အဏုမြူဗုံး ကို ၁၉၄၅ခုနှစ် ဇူလိုင်လ ၁၆ရက်နေ့တွင် အမေရိကန်ပါမောက္ခကြီး သိပ္ပံပညာရှင် ဒေါက်တာ 'ဂျေရောဗတ်အိုပင်ယီးမား' ခေါင်းဆောင်၍ နယူးမက်ဆီကို သဲကန္တာ ရအတွင်းရှိ 'အလာမိုဂိုဒို'လေတပ် အခြေစိုက်စခန်းတွင် စမ်းသပ်ဖောက်ခွဲခဲ့ လေသည်။
အဏုမြူဗုံးချပြီး ၄၃ စက္ကန့်အကြာ အလင်းရောင်ကြီးဝင်းခနဲ ပေါ်ထွက်လာ ပြီး အမြင့်မိုင် ၃ဝအထိ မှိုပွင့်သဏ္ဌာန် မှိုင်းလုံးကြီးသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် အံ့မခန်းကောင်း ကင်ယံ၌ ပေါက်ကွဲထွက်ပေါ်လာသည်။
အဏုမြူဗုံး၏အပူချိန်မှာ သန်း ၁ဝဝ ဒဏ်ကို ဟီရိုရှီးမားတစ်မြို့လုံးခံစားရ သည်။ ထိုအပူရှိန်ကြောင့် တိုက်တာ အဆောက်အအုံများအားလုံးပြိုကွဲပျက်စီး ပျောက်ကွယ်ကုန်သည်။ ဗုံးချသည့်နေရာ နှစ်မိုင်ပတ်လည်သည် မီးလောင်ခြင်း ခံရ သည်။
ကြီးမားပြင်းထန်သော အပူရှိန် ကြောင့် လေပြင်းကြီးသည်တစ်နာရီမိုင် ၅ဝဝ နှုန်းတိုက်ခတ်လာသည်။ မကြာမီ ပင် အဏုမြူမှိုင်းလုံးကြီးနှင့် လေအေးတွေ့ ထိမှုကြောင့် မိုးကြီးသည်းထန်စွာရွာသွန်း သည်။ ကမ္ဘာဖျက်မိုးသဖွယ်ကြောက် မက်စရာကောင်းလှသည်။
အဏုမြူဗုံးဒဏ်ကြောင့် လူသိန်းနှင့်ချီ ၍ သွေးပျက်ဆူပွက်ကာ မရှု မလှသေဆုံး ကြရလေသည်။ အချို့မှာ မီးလောင်ခံ ရသည်။ အချို့ကားပွဲချင်းပြီး သေကြရ သည်။
ဟီရိုရှီးမားမြို့သူမြို့သားလေးသိန်း ကျော်ရှိသည့်အနက် ကလေးလူကြီး စုစု ပေါင်း နှစ်သိန်းကျော်ပွဲချင်းပြီးသေကျေ ရသည်။ လူပေါင်း လေးသောင်းခန့် ဒဏ် ရာရသည်။ ရုပ်ပျက်ဆင်းပျက်ဖြစ်သော လူများဖြစ်ကြ၊ တစ်ကိုယ်လုံးအရေပြားများ
မီးလောင်ခံရသူတို့ခံရ၊ ဆံပင်ကျွတ်သွား သူကျွတ်သွား မသေမရှင်ခံနေရသူများက လည်း အနန္တ၊ လူပေါင်းနှစ်သောင်းနီးပါး ပျောက်ဆုံးနေသည်။ မြို့၏ ၉၅ ရာခိုင် နှုန်းသောအဆောက်အအုံတို့သည် ပြိုကျ ပျက်စီး၍ သုဿန်တစပြင်သဖွယ်ဖြစ်ခဲ့ ရလေသည်။ သားစဉ်မြေးဆက်၊ လူစဉ် မမီသောဘဝသို့ ရောက်ခဲ့ကြရလေသည်။
၁၉၄၅ ခုနှစ် သြဂုတ်လ ၈ရက် နေ့တွင်လည်း နာဂါစကီမြို့၌ အဏုမြူဗုံးတစ်လုံးထပ်၍ ချလိုက် ပြန်သည်။ အဏုမြူဗုံး၏ ဒဏ်ကို လူသားတို့သည်ကောင်းကောင်း သိလိုက်ကြလေတော့သည်။
ထိုသို့ အဖျက်လုပ်ငန်းကိုသာ ဦးတည်နေသော အဏုမြူဗုံးများ ကို ယနေ့ထက်တိုင်အပြိုင်အဆိုင် လုပ်ကိုင်နေကြ ဆဲပင်ဖြစ်သည်။ ဟီရိုရှီးမားတွင်ကြဲချခဲ့သော ဗုံး သည်ပေါက်ကွဲအား နှစ်သောင်း ရှိသည့် ဗုံးထက်အဆပေါင်းသိန်း သန်းမက ပြင်းထန်သည့် ဟိုက် ဒရိုဂျင်ဗုံးများ၊မီဂါတန်၅ဝ၊ မီဂါ တန် ၁ဝဝ ရှိသည့် ပေါက်ကွဲအား အလွန်ကြီးမားသော ဗုံးများကို တီထွင် ထုတ်လုပ်ပိုင်ဆိုင်ကာ၊ အဏုမြူဗုံးပိုင်၊လက်ကိုင်ထားသော ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ရပ် တည်နေကြပေသည်။ အဏုမြူ လက်နက်ကြီးများဖြင့်ခြိမ်းခြောက် ၍၊ကမ္ဘာ့နိုင်ငံများအပေါ်ဗိုလ်ကျစိုး မိုးရေးကိုဦးတည်နေကြပေသည်။
နှစ်စဉ်နှစ်တိုင်း သြဂုတ်လ ၆ ရက် နေ့ရောက်တိုင်း အဏုမြူ လက်နက်၏ ကြောက်မက်ဖွယ် ကောင်းပုံ၊ အဏုမြူလက်နက် သည် ကမ္ဘာကြီးတစ်ခုလုံးကိုပင် ဖျောက်ဖျက်ပစ်နိုင်သောကြောင့်၊ ကြောက်မက်ဖွယ်အထူးကောင်းပုံ အဏုမြူလက်နက်သည် ကမ္ဘာ ဖျက်လက်နက်သို့မဟုတ်သေမင်း တမန်ဖြစ်ကြောင်းသိရလေသည်။ ထို့ကြောင့်ယနေ့လူသားများသည် အဏုမြူစစ်ပွဲများ မပေါ်ပေါက်စေ ရန် အစွမ်းကုန်ကြိုးပမ်းလျက်ရှိပေ သည်။ အဏုမြူစစ်ကို ကမ္ဘာသူ ကမ္ဘာသားတို့ ရွံမုန်းကာဆန့်ကျင် ကြပါသည်။ ကမ္ဘာကြီး ငြိမ်းချမ်း သာယာရေးကို အထူးပင်လိုလား တောင့်တကြပါသည်။
အဏုမြူလက်နက်ပိုင်ရှင် ကမ္ဘာ့နိုင်ငံကြီးများပင်လျှင်၊ အဏု မြူလက်နက်လျှော့ပေါ့ရေးအတွက် ညှိနှိုင်းတိုင်ပင်လျက်ရှိပေသည်။ ထိုနိုင်ငံကြီးများသည်''ဘယ်သူ သေသေ ငတေမာလျှင်ပြီးရော'' ဟူသောစကားသည် မမှန်ကန် ကြောင်း အကယ်၍ 'ငတေ'တစ် ယောက်တည်း ကျန်ရစ်ခဲ့ပါက လည်းမည်သို့သော လုပ်ငန်းများ တည်ဆောက်လုပ်ကိုင်နိုင် မည်မ ဟုတ်ကြောင်းကိုနားလည်သဘော ပေါက်လာကြသည်။ သို့သော် လောဘသားပီပီ အဏုမြူလက် နက်ကိုကိုင်ထားကြပေသေးသည်။
ကုလသမဂ္ဂအဖွဲ့ကြီးမှ အရေး တယူပင်အဏုမြူလက်နက်လျှော့ ပေါ့ရေးနှင့် အဏုမြူထိန်းသိမ်း ရေးကော်မရှင်များကို ပင်ဖွဲ့စည်း ကာအဏုမြူစစ်ပွဲမဖြစ်ပွားအောင် ကြိုးပမ်းလျက်ရှိပါသည်။
ယနေ့ကမ္ဘာသူကမ္ဘာသားတိုင်း သည် ကမ္ဘာကြီးတစ်ခုလုံးပျောက် ကွယ်သွားနိုင်သည့်တတိယကမ္ဘာ စစ်သို့မဟုတ် အဏုမြူစစ်ပွဲကြီးကို အထူးပင်စိုးရိမ်ထိတ်လန့် လျက်ရှိ နေကြပါသည်။ ကမ္ဘာ့နိုင်ငံပေါင်း စုံတို့၏ညီညွတ်သော စွမ်းပကား ဖြင့် အဏုမြူလက်နက်များ ဖျက် သိမ်းရေးကို ရှေးရှုတိုက်ပွဲဝင်ကြ ရမည့် အချိန်အခါဖြစ်ပါသည်။