images
UN
UN
မင်းသားဝင်းဦးရဲ့အသံအတုလုပ်ပြီး ပြန်တီးပြန်ဆိုသရုပ်ဆောင်ထားပြီး ဗီဒီယိုလေးရိုက်ကူးဖန်တီးခဲ့တဲ့မင်းသား နေတိုး
ရွှေရောင် Sunday, 02 August 2020

မင်းသားကြီးဝင်းဦးရဲ့ နာမည် ကြီး သီချင်းတစ်ပုဒ်ဖြစ်သည့် ''မမမိုး'' သီချင်းလေးကို အသံ တုလုပ်ပြီး ပြန်တီး ပြန်ဆို သရုပ် ဖော်ထားသည့် ဗီဒီယိုလေးကို သြဂုတ်၂ရက်တွင် မင်းသားနေတိုး က သူ့၏ လူမှုကွန်ရက်စာမျက်နှာ တွင် တင်ဆက်ခဲ့သည်။
Video မှာ ကိုယ်တိုင် ရိုက်Home Made Video အတို အမျိုး အစားဖြစ်ပြီး '' မမမိုး''သီချင်း တေးရေး - အလင်္ကာကျော်စွာ ရွှေပြည်အေး ရေးသားထားပြီး မူရင်းအဆိုရှင် ဦးဝင်းဦးရဲ့အသံကို မင်းသားနေတိုးက အတုလုပ်ပြီး ပြန်တီးပြန်ဆိုထားခြင်းဖြစ်ပါသည်။
''ဒီVideoလေးကိုဖန်တီးခြင်း မှာ ပရိသတ်များ ကြည့်မိတဲ့ အချိန်တိုလေးအတွင်းမှာစိတ်အပန်း ပြေပြုံးရွှင်စေရန်ရည်ရွယ်ပြီး ကျွန် တော်တို့အားလုံးရဲ့ ရင်ထဲမှာ အမြဲ ရှိနေတဲ့ အနုပညာရှင်များစွာထဲမှ တစ်ချိန်တစ်ခါက ရုပ်ရှင်ကို ဆန်း သစ်အောင်ဖန်တီးနိုင်ခဲ့တဲ့ အနု ပညာရှင်ကြီးအား လေးစားတန် ဖိုးထားသောစိတ်ဖြင့်သာ ရိုက်ကူး ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ နှစ် ၂ဝ အတွင်း လာမယ့်အောက်တိုဘာ ၁၃ရက်ဆိုရင် မြန်မာ့ရုပ်ရှင်ဟာနှစ် ၁ဝဝပြည့်တော့မှာပါ။ ဒီလိုအချိန် ဒီကာလမျိုးဟာ အပြင်မှာ ပွဲလမ်း သဘင်ပြုလုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါ ဘူး။ ဒါကြောင့်မို့လို့ Online ပေါ်မှ နည်းမျိုးစုံနဲ့ ဖျော်ဖြေတင် ဆက်မှုတွေနဲ့သာလောလောဆယ် ကျေနပ်ပေးစေလိုပါတယ်''ဟုမင်း သားနေတိုးက ပြောခဲ့သည်။
ယခုဗီဒီယိုလေးကို ကြည့်ရှုခဲ့ တဲ့ ပရိသတ်တိုင်း မင်းသားနေတိုး ရဲ့ သီဆိုမှု သရုပ်ဖော်မှုလေးတွေ ကို သဘောကျ နှစ်ခြိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာ့ရုပ်ရှင်မှာလည်း မကြာ ခင်ကာလတွင်နှစ်၁ဝဝပြည့်မြောက် တော့မည်ဖြစ်ပြီး နှစ် ၁ဝဝ ပြည့် အနေဖြင့် ပြည်သူများသို့ဖျော်ဖြေမှု များပြုလုပ်ချင်သော်လည်း ကိုဗစ် ကာလဖြစ်နေသည့်အတွက် ယခု ကဲ့သို့ အိမ်အတွင်းမှသာလေးစား တန်ဖိုးထားရသော အနုပညာရှင် ကြီးရဲ့ အနုပညာများကို ပြန်လည် ဖျော်ဖြေတင်ဆက်ခြင်းဖြစ်ကြောင်း သိရသည်။
''နှစ် ၁ဝဝမှ နောင်နှစ်ပေါင်း များစွာတိုင် ခေတ်မီသောတိုးတက် ပြောင်းလဲမှုများစွာဖြင့်ပရိသတ် တွေကို ဖျော်ဖြေတင်ဆက်မှုတွေ ပေးရင်း မြန်မာ့ရုပ်ရှင်ထာဝရရှင် သန်နိုင်ပါစေလို့ဆုတောင်းပေးပါ တယ်။ပရိသတ်များအားလုံး ကျန်း မာပျော်ရွှင်သော ဘဝတွေကိုပိုင် ဆိုင်ကြပါစေ။ သင်ဆရာ၊ မြင် ဆရာ၊ ကြားဆရာများအား ထာဝရ ဦးညွတ်လျက်ပါ။ နွေးထွေးမှု များစွာဖြင့်''ဟု နေတိုးက ထပ်မံ ရေးသားထားခဲ့သည်။