images
UN
UN
ကိုဗစ်ကာလမှာ စိတ်ဓာတ်ကျဆင်းခဲ့သည်ဟုဆိုလာသည့် အကယ်ဒမီဖွေးဖွေး
ဒဂုံဝေလင်း Sunday, 02 August 2020

ကမ္ဘာ့ကပ်ရောဂါကိုရိုနာဗိုင်း ရပ်စ် ဖြစ်ပေါ်လာပြီး နောက်ပိုင်း ပြည်တွင်းရှိ ရုပ်ရှင်လုပ်ငန်းများ ရပ်ဆိုင်းလာရသောကြောင့်အနု ပညာသမားများ အနုပညာလုပ် ငန်းများ မလုပ်ကိုင်ရသောအခြေ အနေကြောင့် စီပွားရေးထိခိုက်မှု များရှိလာကြပြီး ထိုအထဲတွင် အကယ်ဒမီဖွေးဖွေးတစ်ယောက် လည်းပါဝင်ခဲ့ပြီး သူ့အနေဖြင့် စိတ်ဓာတ်များပင်ကျဆင်းနေကြောင်း သိရသည်။
''COVID-19ကာလမှာ တစ်သက်လုံး ဒီလိုမျိုးဖြစ်သွား မလားလို့ စိတ်ပူပြီး စိတ်ဓာတ် ကျခဲ့ရတယ်။ ငိုလိုက်၊ ရယ်လိုက် တောင်ဖြစ်သွားတယ်။အမေစု Facebook အကောင့်ဖွင့်လိုက်တဲ့ အချိန်မှာ အမေစုကိုအားယူပြီး ပုံမှန်ပြန်ဖြစ်အောင်ပြန်ကြိုးစားခဲ့ တယ်။ လောကကြီးအကြောင်းကို ပိုလေ့လာဖို့အချိန်တွေပိုရခဲ့ပါတယ်။ ကိုယ့်အလုပ်ကကျတော့ Profes sional ကရုပ်ရှင်လေအဓိကကရုပ်ရှင် ရုံတွေရှိမှရမှာပေါ့။ ပြီးရင်ကြော်ငြာ တွေပေါ့။ ဖွေးကကျတော့ Social Media တွေ သိပ်တက်တဲ့လူမျိုး မဟုတ်ဘူးလေ။ Live လွှင့်တာ လည်းသိပ်မလုပ်ဖြစ်ဘူး။ ဖွေးက သရုပ်ဆောင်ဆိုတော့ရုပ်ရှင်ရိုက်ရ တာကိုပိုပျော်တယ်''ဟုပြောခဲ့သည်။