images
UN
UN
အကလေးတွေပါဝင်တဲ့ အေးမြဖြူရဲ့ အမြူးသီချင်းလေး မကြာခင်ထွက်ရှိမည်
သွန်းလေး Sunday, 02 August 2020


ကကွက်လေးတွေနဲ့အတူ အဆိုတော်အေးမြဖြူရဲ့ အမြူးသီချင်း လေး မကြာခင်မှာထွက်ရှိတော့မည်ဖြစ်ကြောင်းသိရသည်။
အဆိုတော်အေးမြဖြူကို အဆွေးသီချင်းလေးတွေနဲ့ပရိသတ်က အမြဲတွေ့ရပြီး ယခုတစ်ခါမှာ သီချင်းမြူးမြူးလေးတွေ သီဆိုမယ် လို့ သိရပါတယ်။
''မကြာခင်ရိုက်ကူးမယ့် အေးမြဖြူရဲ့သီချင်းလေးက အမြူး လေးပါ။ အမြဲတမ်းအဆွေးသီချင်းလေးတွေပဲဆိုတော့ အခုက အမြူးလေး လုပ်ဖြစ်တာပါ''ဟု အေးမြဖြူက ပြောခဲ့သည်။
လက်ရှိမှာတော့ Project K အဖွဲ့မှရဲရင့်သော်နဲ့အကတိုက်နေပြီး အသစ်ထွက်ရှိမယ့်သီချင်းလေးမှာလည်း ရဲရင့်သော်နဲ့အတူ သရုပ် ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
''ကကွက်လေးတွေသင်ပေးဖြစ်တယ်။ သီချင်းလေးမှာလည်း ပါဝင်ကူညီသရုပ်ဆောင်ပေးမှာပါ''ဟု ရဲရင့်သော်ကပြောခဲ့သည်။
အေးမြဖြူကလွမ်းနေလို့သီချင်းလေးကို ယခင်လကထွက်ရှိခဲ့ပြီး ယခုနှစ်ယောက်တွဲပြီး အသစ်ဖန်တီးမယ့်သီချင်းအသစ်လေးကို သြဂုတ်လထဲမှာထွက်ရှိရန်ကြိုးစားသွားမည်ဖြစ်တယ်လို့လည်း သိရ သည်။