images
UN
UN
ငါပဲမှားတယ်သီချင်းသစ်ကိုပရိသတ်ထံအရောက် ပို့ဆောင်ပေးဦးမည့် စိန်လင်း (Aroma)
ဒဂုံဝေလင်း Sunday, 02 August 2020


ဂီတလောကထဲကို ''ပေါက် နေပြီ''ဆိုသည့်တေးသီချင်းခွေဖြင့် ဝင်ရောက်လာခဲ့ပြီး အွန်လိုင်းပေါ် မှတစ်ဆင့်တေးသီချင်းများစွာကို ဖန်တီးခဲ့သူအဆိုတော်စိန်လင်း (Aroma)အနေဖြင့် ပရိသတ် ကြိုက်နှစ်သက်မည့်''ငါပဲမှား တယ်'' သီချင်းသစ်ကို မကြာခင် ပရိသတ်အတွက် လက်ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
''ကျွန်တော် ကိုယ်တိုင်လည်း လက်ရှိမှာ အသည်းကွဲနေတာမို့ တိုက်တိုက်ဆိုင်ဆိုင် ငါပဲမှားတယ် သီချင်းကို လက်ဆောင်ပေးသွား မှာပါ။ ကိုယ့်ကိုချစ်သူက ထားခဲ့ တဲ့အခါမှာ တစ်သက်မှာ တစ်ခါပဲ ချစ်မိတာမှားတယ်ဆိုတဲ့အကြောင်း အရာလေးကို တေးရေး ဝေကြီးရေး ပေးထားတယ်။ တကယ်တော့ဒီ သီချင်းလေးလက်ထဲရောက်နေတာ နှစ်နှစ်လောက်ရှိပါပြီ။ ကျွန်တော် မအားတာနဲ့ မတိုက်ဆိုင်သေးတော့ အသံမသွင်းဖြစ်သေးတာပါ။ ဒီ ကာလမှာ ကိုယ့်ခံစားချက်နဲ့ တိုက်ဆိုင်တာမို့ ဒီသီချင်းလေးကို လုပ်ဖြစ်တာပါ''ဟု ၄င်းကပြောပြ ခဲ့သည်။
အဆိုပါပေါ့ပ်ဆွေးဆွေးသီချင်း ကို တေးရေး ဝေကြီးရေးသား ပေး ထားပြီး Music Video ကို မိမိ ကိုယ်တိုင်ဒါရိုက်တာအဖြစ်ရိုက် ကူးကာ သြဂုတ်လဆန်းပိုင်းတွင် သီချင်းသစ်ထွက်ရှိ မည်ဖြစ်သည်။
''ဒီသီချင်းက အစကတည်း က ကြိုက်တဲ့အသည်းကွဲသီချင်း ပါ။ တကယ်အသည်းကွဲနေတဲ့ အချိန်မှာ ရင်ထဲကိုြေ<ွကစေမယ့် သီချင်းပါ။ အချစ်ကိုတန်ဖိုးထား တဲ့ ညီအစ်ကိုတွေ၊ ယောက်ျားလေး တွေအတွက် ကိုယ်ထားတဲ့ မိန်း ကလေးအတွက် အလွမ်းဖြေ လို့ရပါတယ်'' ဟု စိန်လင်းက ဆက်လက်ပြောပြခဲ့သည်။