images
UN
UN
မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သွေးလွန်တုပ်ကွေးကာကွယ်ရေးခြင်ဆေးဖျန်း PPE ဝတ်စုံနှင့် Mask များလှူဒါန်း
ဇော်လွင်(မဘိမ်း) Saturday, 01 August 2020
မဘိမ်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးဇော်လွင်၊ မြို့နယ်ပါတီ ကော်မတီဝင်ဦးခင်မောင်ထူး၊ ဦးကံရွှေ၊ ဦးသောင်းရွှေ၊ မြို့နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဦးစိုင်းမောင်မောင်ကျော်တို့သည် ယမန် နေ့ နံနက် ၉ နာရီက မယ်ဇလီကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ အထကခွဲ၊ လူနေအိမ်များအား သွေးလွန်တုပ်ကွေး ရောဂါကြိုတင် ကာကွယ်ရေးအတွက်ခြင်ဆေးဖျန်းပေးခဲ့ပြီး အထကခွဲအတွက် PPE ဝတ်စုံနှစ်စုံ၊ Mask ၁ဝဝ ပေးအပ်လှူဒါန်းခဲ့သည်။