images
UN
UN
မြစ်သားမြို့ မန္တလေး-မြင်းခြံကားလမ်းဘေး တောမြောင်းအနီးတွင် မီးလောင်မှုဖြစ်ပွား
ဆုမွန်(မြစ်သား) Thursday, 30 July 2020
မန္တလေးတိုင်းဒေသကြီးမြစ်သား မြို့ ရွှေသူဌေးရပ်ကွက် မန္တလေး-မြင်းခြံကားလမ်းဘေးတောမြောင်း အနီးတွင် ယမန်နေ့ နံနက် ၃ နာရီ မိနစ်၅ဝက မီးလောင်မှုဖြစ်ပွား ကြောင်း သိရသည်။
မီးလောင်မှုအကြောင်းရင်းမှာ မြစ်သားမြို့ ရွှေသူဌေးရပ်ကွက်၊ မန္တလေး-မြင်းခြံကားလမ်းဘေး တောမြောင်းအနီးတွင်နေထိုင်သော ဦးကျော်မြင့်(၅၃ နှစ်)၏ ကော်စေ့ စက်ရုံ (လျှောက်ထားဆဲ)တွင် ကော်စေ့(အချော)ကော်ရည်ကြို ကော်စေ့ ၁ဝ တန် ထပ်ထားသော ကော်စေ့မှ Over Heat ဖြစ်၍ မီး စတင်ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် ပေ ၁၅ဝ x ပေ ၃ဝ ပတ်လည် တစ်ထပ် ကွန်ကရစ်ခင်း၊ သွပ်မိုး တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး စုစု ပေါင်း ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၇၈၇၅ဝဝခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိ မှုမရှိကြောင်းနှင့် မီးလောင်မှုဖြစ် ပွားစေသူ ဦးကျော်မြင့် (၅၃ နှစ်) အား မြစ်သားမြို့မရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ မီးလောင်ရာနေရာသို့ မြစ်သားမြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးထွန်းထွန်း လင်း၊ လက်ထောက်မီးသတ်ဦးစီး မှူး ဦးအောင်နေဆန်းနှင့် သန္ဓေ တပ်ဖွဲ့ဝင် ခုနစ်ဦး၊ မီးငြှိမ်းသတ် ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ် စီး၊ ကူမဲနယ်မြေမီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင် သုံးဦး၊ ရေသယ် ယာဉ်တစ်စီး၊ မင်းစုနယ်မြေ မီး သတ်စခန်းမှသန္ဓေတပ်ဖွဲ့ဝင်သုံးဦး၊ ရေသယ်ယာဉ်တစ်စီး၊ ဟန်မြင့်မိုရ် နယ်မြေမီးသတ်စခန်းမှ သန္ဓေတပ် ဖွဲ့လေးဦး၊ ရေသယ်ယာဉ်တစ်စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦးဖြင့် သွားရောက်ငြှိမ်းသတ်ရာ နံနက် ၃ နာရီ ၅၅ မိနစ်တွင် ရောက်ရှိပြီး ငြှိမ်းသတ်ရာ နံနက် ၄ နာရီ မိနစ် ၂ဝ တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက်၎ နာရီ မိနစ် ၄ဝတွင် မီးငြိမ်းသွားခဲ့ ကြောင်း သိရသည်။