images
UN
UN
စီးရီးအေချန်ပီယံဆုကို ဂျူဗင်တပ်ပရိသတ်များအတွက် စီရော်နယ်ဒိုရည်မှန်း
Ref; Gazzetta Monday, 27 July 2020
ဂျူဗင်တပ်တိုက်စစ်မှူးစီရော် နယ်ဒိုက ယခုရာသီတွင်ရရှိခဲ့သော စီးရီးအေချန်ပီယံဆုကို ကိုရိုနာဗိုင်း ရပ်စ်နှင့် ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ရသော ဂျူဗင်တပ်ပရိသတ်များအတွက် ရည်မှန်းသည်ဟု ပြောကြားလိုက် သည်။ ဂျူဗင်တပ်သည် ဆမ်ဒိုးရီး ယားအား အနိုင်ရရှိခဲ့ပြီးနောက် ယခုရာသီအတွက် စီးရီးအေ ချန် ပီယံဆုကို ပွဲစဉ်နှစ်ပွဲကျန်ရှိနေချိန် တွင် ဆွတ်ခူးနိုင်ခဲ့သည်။
ယခုတစ်ကြိမ်စီးရီးအေချန်ပီယံ ဆုသည် ဂျူဗင်တပ်အတွက် ကိုး ကြိမ်ဆက်ရရှိသော ချန်ပီယံဆု လည်းဖြစ်သည်။ စီရော်နယ်ဒိုက ''ဒီအမှတ်ပေးချန်ပီယံဆုကို ကိုရို နာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ ရင်ဆိုင် တိုက်ပွဲဝင်ခဲ့ကြရတဲ့ ဂျူဗင်တပ် ပရိသတ်အားလုံးအတွက် ရည်မှန်း ပါတယ်။ သူတို့ဟာအခက်အခဲတွေ အများကြီးရှိခဲ့တာပါ''ဟု ၄င်းက ပြောသည်။