images
UN
UN
ဆန္ဒပြမှုများအား ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ရန် အမေရိကန်အား ကုလသမဂ္ဂအဖွဲ့တိုက်တွန်း
KK (IR) Saturday, 25 July 2020
အမေရိကန်ရဲနှင့် လုံခြုံရေးတပ် ဖွဲ့ဝင်များအနေဖြင့် ပို့တ်လန်းအပါ အဝင် အမေရိကန်နိုင်ငံအတွင်းရှိ မြို့များတွင် ဂျာနယ်လစ်များနှင့် ဆန္ဒပြသူများအပေါ် မမျှတသော အင်အားသုံးမှုများသို့မဟုတ် တရား ဥပဒေနှင့် မလျော်ညီစွာ ဖမ်းဆီး ထိန်းသိမ်းခြင်းများ မပြုလုပ်ရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ရုံးက တိုက်တွန်းခဲ့သည်။
ပြည်သူများအနေဖြင့် ငြိမ်း ချမ်းစွာဆန္ဒပြနိုင်ရန် အလွန်အရေး ကြီးကြောင်း၊ လူများကို မလိုအပ် ဘဲမဖိနှိပ်သင့်ကြောင်း၊ မလျော်ညီ စွာ သို့မဟုတ် ခွဲခြားကာ အင်အား မသုံးသင့်ကြောင်း ကုလသမဂ္ဂလူ့ အခွင့်အရေးဆိုင်ရာ ပြောရေးဆို ခွင့်ရှိသူ အမျိုးသမီးလစ်ဇ်သရောစ် ဆယ်လ်ကပြောသည်။ ငြိမ်းချမ်း စွာဆန္ဒပြသူများအနေဖြင့် မည်သူ မည်ဝါမှန်းမသိသော ရဲအရာရှိ များ ၏ဖမ်း ဆီးထိန်းသိမ်းခြင်းကို ခံရ ကြောင်း၊ ယင်းသို့ ဖမ်းဆီးထိန်း သိမ်းခြင်းများဖြင့် ထင်တိုင်းကြဲ လုပ်ဆောင်ခြင်း သို့မဟုတ် တရား ဥပဒေနှင့်မလျော်ညီစွာ ဖမ်းဆီး ထိန်းသိမ်းခြင်းများ ပိုမိုများပြား လာမည်ကိုစိုးရိမ်ကြောင်း၊ အာဏာ ပိုင်များအနေဖြင့် ပြည်ထောင်စုနှင့် ဒေသဆိုင်ရာလုံခြုံရေး တပ်ဖွဲ့ဝင် များကို သင့်လျော်စွာတပ်ချထား ပြီး သတ်သတ်မှတ်မှတ်ထားရှိ သင့်ကာ နိုင်ငံတကာ စံနှုန်းများနှင့် အညီ လိုအပ်သည့် အခါမှသာ သင့်လျော်သလို အင်အားသုံးသင့် ကြောင်း သရောစ်ဆယ်လ်က ပြော ကြားခဲ့သည်။
၎င်းတို့အနေဖြင့် ပို့တ်လန်းတွင် ဖြစ်ပွားခဲ့သော ဆန္ဒပြသူများ အပေါ် အင်အားသုံးလုပ်ဆောင်ခဲ့မှု နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေး မည်ဟု အမေရိကန်တရားရေးဌာန က အတည်ပြုခဲ့သည်။
Ref: National Post