images
UN
UN
ပထမဆုံးတည်ထောင်မည့် ပုဂ္ဂလိကပြတိုက်နှင့်ပတ်သက်၍ အများထင်ယောင်ထင်မှားဖြစ်စေရန် ပြောဆိုခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ မီဒီယာများနှင့်တွေ့ဆုံရှင်းလင်း
ဖြူသင်းခိုင် Saturday, 04 July 2020

မြန်မာနိုင်ငံတွင်ပထမဆုံး တည်ထောင်မည့်ပုဂ္ဂလိကပြတိုက် ဇေကမ္ဘာပြတိုက်နှင့်ပတ်သက်၍ ထင်ယောင်ထင်မှားဖြစ်စေရန်ပြော ဆိုခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ မီဒီ ယာများနှင့်တွေ့ဆုံရှင်းလင်းခြင်းကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ယူနန်စားသောက်ဆိုင်တွင်ပြုလုပ် ခဲ့သည်။
အဆိုပါအကြောင်းအရင်းမှာ ရှေးဟောင်းသုတေသနပညာရှင် အသင်း(NGO)မှအတွင်းရေးမှူးက စောင့်ကြည့်ဂျာနယ်တွင်ပြတိုက်နှင့် ပတ်သက်၍မှန်ကန်မှုမရှိစွာပြော ဆိုခဲ့သည့်အတွက် ယခုကဲ့သို့ရှင်း လင်းခဲ့ခြင်းဖြစ်ကြောင်းပြတိုက်မှူး ဦးခင်ညိုကပြောသည်။
''ဇေကမ္ဘာပြတိုက်ရဲ့ပြတိုက် မှူးဦးခင်ညိုပါ။ဒီနေ့မီဒီယာတွေနဲ့ ရှင်းလင်းရတဲ့အကြောင်းအရင်းက တော့ ဒီနေ့ စောင့်ကြည့်ဂျာနယ် မှာပါတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ ဇေကမ္ဘာပြတိုက်က တည်ဆဲဥပဒေ နဲ့ နိုင်ငံတကာလုပ်ထုံးလုပ်နည်း များနဲ့မညီဘူးလို့ရှေးဟောင်းသုတေ သနပညာရှင်အသင်းက အတွင်း ရေးမှူးသူရအောင်က ကျွန်တော်တို့ ကို ပြောဆိုစွပ်စွဲထားတာရှိတယ်။ သူပြောထားတာက အဖြစ်မှန်နဲ့ လုံးဝဆန့်ကျင်နေတဲ့ ကွဲလွဲနေတဲ့ ဟာတစ်ခုပါ''ဟု ဦးခင်ညိုက ပြောသည်။
ပြတိုက်အနေဖြင့် ပထမဆုံး ပုဂ္ဂလိကပြတိုက်တည်ထောင်ရန် အတွက် ပုဂ္ဂလိကပြတိုက်တည် ထောင်ခွင့်ကိုတင်ပြထားပြီး ခေတ် အဆက်ဆက်ရှေးဟောင်းပစ္စည်း များစုဆောင်းမှုကိုလည်း ဆောင် ရွက်ခဲ့ရပြီး စုဆောင်းထားသည့် ရှေးဟောင်းပစ္စည်းများကိုလည်း ရှေးဟောင်းသုတေသနဦးစီးဌာနသို့ ရာခိုင်နှုန်း ၉ဝမှတ်ပုံတင်ထားပြီး ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြခဲ့သည်။
ပြတိုက်ဖွင့်လှစ်ပါကပုဂ္ဂလိက ပြတိုက်အနေဖြင့် ပထမဆုံးပြ တိုက်ဖြစ်လာမည့်အပြင် အာရှနိုင်ငံ များရှိ ပြတိုက်များထက်ပစ္စည်း ပိုမိုများပြားမည့်ပြတိုက်အဖြစ်လုပ် ဆောင်နေချိန်တွင် မမှန်ကန်သည့် ပြောဆိုမှုများပြုလုပ်ခဲ့သည့်အတွက် ရှေးဟောင်းသုတေသနပညာရှင် အသင်းမှ အတွင်းရေးမှူးအား ဇေ ကမ္ဘာကုမ္ပဏီမှတရားစွဲဆိုသွား မည်ဖြစ်ကြောင်းလည်း ပြတိုက် မှူးကပြောကြားခဲ့သည်။