images
UN
UN
မြန်မာပြည်ကို သိမ်းပိုက်သွားတဲ့ သိုးဆောင်းကုမ္ပဏီ
နေဦး Thursday, 02 July 2020
ကုမ္ပဏီလို့ဆိုလိုက်တာနဲ့ စီးပွားရေး လုပ်ငန်းလုပ်ကိုင်တဲ့ အဖွဲ့အစည်းကိုပဲ ပြေးမြင်ကြမှာပါ။ ကုမ္ပဏီတွေကိုလည်း စီးပွားရေးလုပ်ကိုင်တဲ့ အဖွဲ့အစည်းလို့ပဲ လူတိုင်းက နားလည်ထားကြမှာပါ။ ဒါပေမဲ့ဗြိတိသျှတို့ရဲ့ ''အရှေ့အိန္ဒိယ ကုမ္ပဏီ''ကတော့ ကမ္ဘာပေါ်မှာ ဘယ်သူ နဲ့မှမတူတဲ့ ရှားရှားပါးပါးကုမ္ပဏီတစ်ခု လို့ဆိုရမယ်။ လူအများက အရှေ့အိန္ဒိယ ကုမ္ပဏီကို ကူးသန်းရောင်းဝယ်ရေးလုပ် ကိုင်တဲ့ စီးပွားရေးလုပ်ငန်းစုအဖွဲ့လို့ သိထားကြပေမယ့် အမှန်တော့ အရှေ့ အိန္ဒိယကုမ္ပဏီဟာ စီးပွားရေးလုပ်ငန်း ဗန်းပြပြီး နိုင်ငံတွေကို ကျူးကျော်သိမ်း ပိုက်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ သိုးဆောင်းကုမ္ပဏီတစ်ခုဖြစ်တယ်။
ဒီနေရာမှာအရှေ့အိန္ဒိယကုမ္ပဏီပေါ် ပေါက်လာပုံကို အနည်းငယ်ပြောလိုပါ တယ်။ ဒတ်ခ်ျတို့က အိန္ဒိယနိုင်ငံရဲ့ဟင်း ခတ်အမွှေးအကြိုင်ဈေးနှုန်းကို ငါးသျှီလင် တိုးမြှင့်လိုက်တဲ့အတွက် အရှေ့အိန္ဒိယ ကုမ္ပဏီပေါ်ပေါက်လာတာဖြစ်တယ်။
အဲဒီကာလတုန်းက အိန္ဒိယနိုင်ငံရဲ့ ဟင်းခတ်အမွှေးအကြိုင်လုပ်ငန်းကို ဒတ်ခ်ျတွေက လက်ဝါးကြီးအုပ်စိုးမိုး ထားတာဖြစ်တယ်။ သာမန်အားဖြင့် ရှုမြင်ကြည့်ရင် ဘာမှမဆိုင်ဘူးလို့ထင်ရ ပေမယ့် ကိုလိုနီရှုထောင့်အရကြည့်ရင် သူတို့အချင်းချင်း စားခွက်လုတဲ့သဘော ပါပဲ။ ဒတ်ခ်ျတွေရဲ့လုပ်ရပ်ကို အလွန် ခံပြင်းဒေါသထွက်ကြတဲ့ အင်္ဂလိပ်ကုန် သည်တွေက လန်ဒန်မှာ အရေးပေါ် အစည်းအဝေးခေါ်ယူပြီး အရှေ့အိန္ဒိယ ကုမ္ပဏီကိုဖွဲ့စည်းတည်ထောင်ခဲ့တယ်။၁၅၉၉ခုနှစ် စက်တင်ဘာလ ၂၄ရက်နေ့ မှာ အင်္ဂလိပ်ကုန်သည် ၂၄ဦးက ပထမ အယ်လီဇဘက်ဘုရင်မကြီးရဲ့အမိန့်စာချွန် တော်ဖြင့် အရှေ့အိန္ဒိယကုမ္ပဏီကို တည် ထောင်ခဲ့ကြတယ်။ အရှေ့အိန္ဒိယကုမ္ပဏီ ဟာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း အပြင် ''ငွေစက္ကူဒင်္ဂါးထုတ်လုပ်ခွင့်၊ စစ်ကြေညာခွင့်၊ စစ်တိုက်ခွင့်၊ စစ်ပြေ ငြိမ်းခွင့်၊ မဟာမိတ်ဖွဲ့ခွင့်၊ အာဏာလွှဲ ပြောင်းအုပ်ချုပ်ခွင့်နဲ့ ဥပဒေဆိုင်ရာအရေး ယူခွင့်တို့ကိုပါ အင်္ဂလန်ဘုရင်မကြီး ကိုယ်တိုင်ပဋိညာဉ်စာချုပ်ဖြင့် လုပ်ပိုင်ခွင့် အာဏာအပ်နှင်းပေးထားခြင်း ခံထားရသူ ဖြစ်တယ်။ နယ်ချဲ့တို့ရဲ့ ရှေ့ပြေးခံတပ်လို့ ဆိုရမယ်။ မတည်ရင်းနှီးငွေ ၃ဝ၁၃၃ ပေါင်၊ ၆သျှီလင်၊ ၈ပဲနိလောက်နဲ့ စတင် တည်ထောင်ခဲ့တာ ဖြစ်တယ်။

အရှေ့အိန္ဒိယကုမ္ပဏီကို အင်္ဂလိပ်တို့ တည်ထောင်ပြီးနောက် ၁၆ဝ၂ခုနှစ်မှာ ဒတ်ခ်ျတို့က ''ဒတ်ခ်ျအရှေ့အိန္ဒိယ ကုမ္ပဏီ''၊ ၁၆ဝ၄ခုနှစ်မှာ ပြင်သစ်တို့က ''ပြင်သစ်အရှေ့အိန္ဒိယကုမ္ပဏီ''တို့ကို အသီးသီးယှဉ်ပြိုင်တည်ထောင်ခဲ့ကြတယ်။
အရှေ့အိန္ဒိယကုမ္ပဏီ အိန္ဒိယနိုင်ငံမှာ စတင်အခြေချခဲ့မိခြင်းက အိန္ဒိယအပါ အဝင် အခြားအာရှနိုင်ငံတွေ သိမ်းပိုက်ခံရ ဖို့ အကြောင်းတရားတစ်ခုဖြစ်စေခဲ့တယ်။ ဟင်းခတ်အမွှေးအကြိုင်ဈေးနှုန်း ၅သျှီ လင်တက်လိုက်တာက အစပြုပြီး နိုင်ငံ ကျွန်ပြုခံရတဲ့အထိ ကြီးမားတဲ့ရိုက်ခတ် မှုတွေဖြစ်ပေါ်လာတဲ့အတွက် နိုင်ငံရေး သိပ္ပံသဘောတရားအရ ဒီဖြစ်စဉ်ကို ''butterfly effect''လို့ ဝိဂြိုဟ်ပြုကြ တယ်။
အင်္ဂလိပ်ကုန်သည်တွေဟာ အိန္ဒိယမှာ ခြေကုပ်ရယူဖို့ မဟာဗျူဟာခင်းကာ အဆင့်ဆင့် ဆောင်ရွက်ခဲ့ကြတယ်။ ပထမ ဦးစွာ မိမိတို့ကူးသန်းရောင်းဝယ်ရေး လုပ်မယ့်ဒေသအတွင်းရှိ ပြည်နယ်ရှင်၊ နယ်စားပယ်စားနဲ့စော်ဘွားတွေကို လက် ဆောင်ပဏ္ဏာဆက်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ တွေ့ဆုံခွင့်တောင်းတယ်။ တွေ့ဆုံရဖန် များလာပြီး ရင်းနှီးကျွမ်းဝင်လာတဲ့အခါ နှစ်ပြည်ထောင်အကျိုးစီးပွားအတွက် ကူးသန်းရောင်းဝယ်ခွင့်ပြုဖို့ တောင်းဆို ကြတယ်။ ကူးသန်းရောင်းဝယ်ရေး စာချုပ်တွေချုပ်ဆိုကြတယ်။ ကူးသန်း ရောင်းဝယ်ခွင့်ရရှိတဲ့အခါ ကုန်ပစ္စည်း သိုလှောင်ရုံဆောက်လုပ်ဖို့ မြေနေရာ တောင်းကြတယ်။ ကုန်သိုလှောင်ရုံ ဆောက်လုပ်ပြီးတဲ့အခါ သိုလှောင်ထားတဲ့ ကုန်စည်တွေအတွက် လုံခြုံရေးအစောင့် ထားဖို့၊ လုံခြုံရေးအစောင့် ရရှိတဲ့အခါ လက်နက်ကိုင်ဆောင်ခွင့်ပြုဖို့ တစ်ဆင့် ပြီးတစ်ဆင့် တိုးမြှင့်တောင်းဆိုလာကြ တယ်။
လက်နက်အပြည့်အစုံနဲ့ လုံခြုံရေး အစောင့်အကြပ်တွေရရှိတဲ့အခါမှာတော့ ကုန်သိုလှောင်ရုံတွေ တိုးချဲ့တည်ဆောက် ပြီး အခိုင်အမာ ခြေကုပ်စခန်းတွေ ရယူခဲ့ ကြတယ်။ ဒီနည်းနဲ့ တစ်ချိန်မှာ အိမ်ရှင် နိုင်ငံကို ကျူးကျော်တိုက်ခိုက်မယ့် နယ်ချဲ့ တပ်သားတွေကို အိမ်ရှင်နိုင်ငံထဲမှာပဲ မွေး မြူခဲ့ကြတယ်။
ဒါတင် မကသေးဘူး။တိုင်းရင်းသားတွေကိုလည်း တိုက်ခိုက် ရေးစွမ်းရည်မြှင့်တင်ရေး သင်တန်းပေး မယ်ဆိုပြီး မိမိတို့ သစ္စာတော်ခံအဖြစ် လက်သပ်မွေးခဲ့ကြတယ်။ ဒီနည်းနဲ့ လုပ် ဆောင်လာခဲ့တာ အိန္ဒိယနိုင်ငံ ဘုံဘိုင်၊ မဒရပ် စတဲ့ ဒေသတွေဟာ အင်္ဂလိပ်တို့ ရဲ့ အခိုင်အမာခြေကုပ်စခန်းရှိရာ စိုးမိုး နယ်မြေတွေ ဖြစ်လာခဲ့တယ်။
အိန္ဒိယမှာ အခိုင်အမာ ခြေကုပ်စခန်း တွေ ရယူပြီးတဲ့နောက် အင်္ဂလိပ်ကုန်သည် တွေဟာ တိုင်းရင်းသားစော်ဘွား မဟာ ရာဂျာတွေကို အဓိကထား ပေါင်းသင်းပြီး ယုံကြည်မှု အရယူခဲ့ကြတယ်။ နိုင်ငံရေး ကိစ္စတွေမှာ အကြံပေးသလိုနဲ့ ဝင်ရောက် စွက်ဖက်လာကြတယ်။ တစ်ဖက်မှာ လည်း ဒေသခံပြည်သူတွေကို သူတို့က စီးပွားရေးလာလုပ်တာဖြစ်ကြောင်း၊နိုင်ငံ ရေးကိစ္စမပါဝင်ကြောင်း၊နယ်ချဲ့ဖို့မဟုတ် ကြောင်း နည်းအမျိုးမျိုးနဲ့ အယုံသွင်းခဲ့ ကြတယ်။တစ်ဖန် အိမ်ကြက်ချင်းအိုးမည်း သုတ်တဲ့ chicken game ကို အသုံးပြုပြီး နောက်ကွယ်ကနေ စော်ဘွားတွေ အချင်း ချင်း မသင့်မြတ်အောင်၊ စိတ်ဝမ်းကွဲ အောင် ကုန်းချော ရန်တိုက်ပေးကြတယ်။နောက်ဆုံး ထီးပြိုင်နန်းပြိုင် စော်ဘွား မဟာရာဂျာတွေ အချင်းများ စစ်ခင်းကြ ပြီး ခြေကုန်လက်ပန်းကျချိန်မှ ကုမ္ပဏီ ပိုင်တပ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ပြီး စော်ဘွားပိုင်ဒေသတွေကို သိမ်းပိုက် လိုက်တာဖြစ်တယ်။ ဝါးရင်းဟေ့စတင်း လက်ထက်ကစပြီး ၁၇၁၃ ခုနှစ်ကနေ ၁၈၃၉ ခုနှစ်အထိ အိန္ဒိယနိုင်ငံ တိုင်း ရင်းသားပိုင်နယ်မြေတွေဟာ အရှေ့အိန္ဒိယ ကုမ္ပဏီ လက်အောက်ကို တစ်နယ်ပြီး တစ်နယ် ကျရောက်သွားခဲ့ရတယ်။
၁၈၇၇ ခုနှစ်က ဝိတိုရိယဘုရင်မဟာ အိန္ဒိယနိုင်ငံမှာ အိန္ဒိယဧကရီဘုရင်မဘွဲ့ ခံယူပြီး ဘိသိက်သွန်းခဲ့တယ်။ တိုင်းရင်း သား အိန္ဒိယစော်ဘွား မဟာရာဂျာတွေ ကလည်း ဘုရင်မထံအပြေးအလွှား သစ္စာ ခံကြတယ်။ အဲဒီအချိန်ကစပြီး အိန္ဒိယ တစ်နိုင်ငံလုံး အင်္ဂလိပ်တို့ရဲ့ သိမ်းပိုက် လွှမ်းမိုးခြင်းခံလိုက်ရတော့တာဖြစ်တယ်။
တကယ်တော့ အရှေ့အိန္ဒိယကုမ္ပဏီ ဆိုတာ ကုမ္ပဏီမျက်နှာဖုံး စွပ်ထားတဲ့ အင်္ဂလိပ်တို့ရဲ့ နယ်ချဲ့ကျူးကျော်ရေး ရှေ့ တန်းခံတပ်ပဲဖြစ်တယ်။ ဒါကို သတိမပြုမိ တဲ့နိုင်ငံတွေဟာ အင်္ဂလိပ်တို့သိမ်းပိုက်တာ ခံလိုက်ရတယ်။ ကုမ္ပဏီအတွက် လိုအပ် တဲ့ စစ်သည်၊ လက်နက်တွေကို အင်္ဂလန် ဘုရင်မကြီးက နောက်ကွယ်ကနေ ထောက်ပံ့ပေးထားတယ်။
အိန္ဒိယနိုင်ငံကို သိမ်းပိုက်ခဲ့တဲ့ နည်း ဗျူဟာအတိုင်း မြန်မာနိုင်ငံမှာလည်း ကျင့် သုံးခဲ့ကြတယ်။ အင်္ဂလိပ်တို့ရဲ့ ကူးသန်း ရောင်းဝယ်ရေး ခြေကုပ်စခန်းတွေကို အင်းဝခေတ်တွင် သန်လျင်မှာ လည်း ကောင်း၊ ကုန်းဘောင်ခေတ်တွင် ဟိုင်း ကြီးကျွန်းမှာလည်းကောင်း တည်ဆောက် ခဲ့ကြတယ်။ ၁၇၂၇ ခုနှစ်မှာ ရခိုင်ဘုရင် ပိုင် စစ်တကောင်းဒေသကို အရှေ့အိန္ဒိယ ကုမ္ပဏီက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။
၁၈၂၄ ခုနှစ်မှာ မြန်မာပိုင် ရှင်မဖြူ ကျွန်းကို အရှေ့အိန္ဒိယကုမ္ပဏီတပ်တွေ က သိမ်းပိုက်လိုက်တဲ့အတွက်