images
UN
UN
AA အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ထံတွင် ပခုံးထမ်းဝေဟင်ပစ်လက်နက် ၅ဝ ခန့် ရှိနေဟုဆို
NG Thursday, 02 July 2020
AA အကြမ်းဖက်လက်နက် ကိုင်သောင်းကျန်းသူအဖွဲ့ထံတွင် ရဟတ်ယာဉ်များနှင့် တိုက်လေ ယာဉ်များကို ပစ်ခတ်တိုက်ခိုက် နိုင်စွမ်းရှိသော ပခုံးထမ်းမြေပြင် မှ ဝေဟင်ပစ်လက်နက်အမျိုးအစား ဖြစ်သော MANPADS (Man- Portable Air Defense Systems) ၅ဝ ခန့်ရှိနေကြောင်း Licas News သတင်းဌာနကဖော်ပြသည်။
AA လက်နက်ကိုင်သောင်း ကျန်းသူအဖွဲ့သည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံထံမှ စစ် လက်နက်နှင့် ခဲယမ်းများကို ပုံမှန် ရရှိလျက်ရှိပြီး ၄င်းတို့ပိုင်ဆိုင်ထား သောပခုံးထမ်း မြေပြင်မှ ဝေဟင် ပစ်လက်နက်အမျိုးအစားသည် လည်း အဆိုပါနိုင်ငံမှ ထုတ်လုပ် သည့်အမျိုးအစားဖြစ်သည်ဟု စစ် လက်နက်ပညာရှင်များကအတည် ပြုထားသည်။ ၂ဝ၁၇ ခုနှစ် အတွင်းက AAအကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့ပါဝင်သော မြောက်ပိုင်းမဟာ မိတ်အဖွဲ့က ရှမ်းပြည်နယ်(မြောက် ပိုင်း)ရှိ မုန်းကိုးမြို့အား တိုက်ခိုက် ခဲ့ရာတွင် လေကြောင်းပစ်ကူပေး ခဲ့သည့် တပ်မတော်လေမှ A5 အမျိုးအစား တိုက်လေယာဉ်တစ် စင်းအား အဆိုပါလက်နက်မျိုးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးသည်။ တိုက် ခိုက်မှုကြောင့် လေယာဉ်တွင် ထိ ခိုက်မှုအချို့ဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါတိုက်လေယာဉ်အား မောင်းနှင်ခဲ့သည့် ဗိုလ်မှူးဇေယျာ ထွန်းသည် လေယာဉ်အား နမ့်ဆန် လေတပ်စခန်းအထိ အောင်မြင်စွာ မောင်းနှင်နိုင်ခဲ့သည်။