images
UN
UN
ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဆွမ်းဆန်အိတ်နှင့်အလှူငွေများလှူဒါန်း
ခင်နီနီအောင် Tuesday, 30 June 2020
ကရင်ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ (ဗဟိုအလုပ်အမှုဆောင်)ဦးစောမြင့်ဦး၊ ဗဟိုကော်မတီဝင်ကရင်ပြည် နယ်ပါတီအတွင်းရေးမှူးဦးစန်းကို၊ပြည်နယ်ပါတီကော်မတီဝင်ဦးဝင်း တင်၊ ဦးစောမြင့်ဝင်းအောင်နှင့် ဒေါ်စန္ဒာဦး၊ ဘားအံမြို့နယ်ပါတီ ဥက္ကဋ္ဌဦးစောစိန်ဝင်း၊ ပြည်နယ်လူငယ်လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် ဒေါ်ခင်နီနီအောင်တို့သည် ယမန်နေ့ ညနေ ၄ နာရီ တွင် ဘားအံမြို့ အမှတ်(၂)ရပ်ကွက်ရှိ အမိတာရာမရဲကျောင်း ဆရာတော်ဘဒ္ဒန္တ ဂုဏာလင်္ကာရအား ဖူးမြော်၍ဆွမ်းဆန်အိတ်ငါးအိတ်၊ ကန်တော့ ခြင်းတစ်ခြင်း၊ အလှူငွေကျပ်ရှစ်သောင်းနှင့် Mask တစ်ဖာအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။