images
UN
UN
တာချီလိတ်မြို့နယ် တရားရုံးတွင် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် ရှင်းလင်းဆွေးနွေးပွဲပြုလုပ်
ယာဆေး(တာချီလိတ်) Tuesday, 30 June 2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် တရားရုံးတွင် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (National Case Management Program-NCMP) ရှင်းလင်းဆွေးနွေးခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်တရားသူကြီးက အမှာစကားရှင်း လင်းပြောကြားရာတွင် မှုခင်းစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ရည်ရွယ် ချက်ရရှိမည့်အကျိုးကျေးဇူး၊ အဓိကလုပ်ငန်းစဉ်၊ အချိန်နှင့်ပုံစံအသုံး ပြုမှုစသည့်မှုခင်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းခြင်းနှင့်ပြန်လည်ဖြေကြားပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို ဇူလိုင်လ ၁ ရက်မှ စတင် ကျင့်သုံးသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူးနှင့်မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ တရားရုံးရှေ့နေများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေး များ၊ မီးသတ်တပ်ဖွဲ့နှင့်တရားရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။