images
UN
UN
တာချီလိတ်မြို့နယ် ရေပူစမ်းကျေးရွာအနီးတွင် မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
ထက်မြက်အောင် Tuesday, 30 June 2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီ လိတ်မြို့နယ်တွင် ယမန်နေ့ နံနက် ၄ နာရီခွဲက ရေပူစမ်း ကျေးရွာအနီး၌ မူးယစ်ဆေးဝါး နှင့်လက်နက်ခဲယမ်းများ သိမ်း ဆည်းရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးဆောင် ရွက်နေသော တပ်ဖွဲ့ဝင်များသည် သတင်းအရ ရေပူစမ်းကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၄ဝဝဝ ခန့်အကွာရှိ ဝါးရုံပင်အနီး ရှာဖွေစစ်ဆေးရာ မသင်္ကာဖွယ်ရာ မိုးကာပလတ်စတစ်အိတ်အစအား တွေ့ရှိခဲ့ရပြီး ယင်းနောက် ဆက် လက်တူးဖော်ရှာဖွေခဲ့ရာ မြေကြီး အတွင်း မြှုပ်နှံထားသော ဆာလာ အိတ်အလုံး ၆ဝ အတွင်းမှ WY စာတန်းပါ စိတ်ြ<ွကဆေးပြား ၆၄၈ဝဝဝဝ ခန့်၊ စိတ်ကြွဆေးပြား အကြေ (ရေစိုပုံစံပျက်) ၁၁၄၈ ကီလိုဂရမ်ခန့်၊ (မူးယစ်ဆေးဝါးများ ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆ ဒသမ ၉ ဘီလီယံခန့်)၊ Ak မောင်းပြန် ရိုင်ဖယ် တစ်လက်၊ ၄င်းကျည်အိမ် တစ်ခုနှင့် ကျည် ၂၅ တောင့်၊ ပွိုင့်-၂၂ သေနတ် နှစ်လက်၊ နှစ်လုံးပြူး သေနတ် တစ်လက်၊ ၄င်းကျည် ငါးတောင့်၊ တစ်လုံးထိုး သေနတ် နှစ်လက်တို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်းတပ်မတော်သတင်းမှန် ပြန်ကြားအဖွဲ့မှ ထုတ်ပြန်သည်။
အဆိုပါသိမ်းဆည်းရမိ လက် နက် ခဲယမ်းများနှင့် မူးယစ်ဆေး ဝါးများကို သက်ဆိုင်ရာသို့ စနစ် တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်းသိရသည်။